9

5K 567 73
                                    

ယနေ့သည် Stephi အစ်ကို၏ လက်ထပ်ပွဲနေ့ဖြစ်ပါသည်။ Taeyeon အိမ်မှ ထွက်ခါနီး အလွန်ပင်စိတ်လှုပ်ရှားနေမိသည်။ သူမ Stephi ကို ရူးမတတ်တွေ့ချင်နေသည်ကိုလည်း ဝန်ခံရပါလိမ့်မည်။

"အဆင်သင့်ဖြစ်ပြီလားသမီး"

ဖေဖေက ဝတ်စုံပြည့်ဝတ်ထားသည်။ သူ၏ အပေါ်ဝတ်ကုတ်အင်္ကျီကို လက်ဖျံပေါ်တွင်တင်ရင်း သူမကိုမေးလာသဖြင့် Taeyeon ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်သည်။

"ဟုတ် ပြေတယ်ဖေဖေ"

"ဟိုရောက်လို့ Stephi နဲ့တွေ့ရင် စိမ်းစိမ်းကားကားကြီးမနေနဲ့နော် သမီး။ ကွာရှင်းလိုက်ကြပြီဆိုပေမဲ့လည်း သမီးတို့က တစ်ယောက်ကိုတစ်ယောက် မုန်းနေတဲ့ ရန်သူတွေမဟုတ်ဘူးနော်"

နှစ်ယောက်လုံး မည်သူမှ မချစ်နိုင်ကြရုံလေးဟုသာ သူမ ထင်ကြောင်းတော့ မေမေ့ကို မပြောပြဖြစ်လိုက်ပါ။ မေမေစိတ်ချမ်းသာအောင် ခေါင်းညိတ်ပြလိုက်ရသည်။ ထို့နောက် သူမတို့မိသားစုသုံးယောက် Stephi တို့မိသားစုရှိရာအိမ်သို့ သွားပါသည်။ လက်ထပ်ပွဲကို ကိုရီးယားတွင်သာ စီစဉ်သည့် Stephi အစ်ကိုကိုပဲ ကျေးဇူးတင်ရမည်လား၊ သူမတို့မိသားစုကို သတိတရလှမ်းဖိတ်ပေးသည့် Stephi အဖေကိုပဲ ကျေးဇူးတင်ရမည်လားတော့ မသိပါ။

ကားကိုလမ်းဘေးချရပ်လိုက်ပြီးသည့်နောက် ခြံကျယ်ကြီးရှေ့သို့ Taeyeon အံ့ဩစိတ်ကလေးဖြင့် ငေးကြည့်နေမိသည်။ Stephi တို့ မိသားစုကို လူကုံထံအသိုင်းအဝိုင်းကဟု သိသော်ငြားလည်း ယခုလောက် ခမ်းနားကြီးကျယ်လွန်းသော အိမ်နှင့်ခြံမျိုးအထိ ပိုင်ဆိုင်နေမည်ဟု မထင်ခဲ့မိပါ။ ဒီလိုအိမ်မျိုးကို ထားခဲ့ပြီး မကြီးမကျယ်သော တိုက်အိမ်ကလေးမှာ သူမနှင့်အတူနေခဲ့သည့် Stephi ကို အံ့ဩထူးဆန်းမိသွားပါသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့အတူနေခဲ့သည့်အိမ်ကို Taeyeon ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Stephi ကလည်း ချက်ချင်းပင် အတူပြောင်းနေရန် လက်ခံခဲ့သောကြောင့်ဖြစ်ပါသည်။

ခြံကျယ်ကြီးထဲတွင်သာပြုလုပ်သည့် ဤလက်ထပ်ပွဲမှာ မိတ်ဆွေများဖိတ်ကာ ညစာစားသည့် ပွဲငယ်လေးမျှသာ ဖြစ်နိုင်ပါသည်။ ရောက်နေသည့် ဧည့်သည်များကို Taeyeon တစ်ဦးမကျန် လိုက်ကြည့်သည်။ ဂါဝန်ရှည်များဖြင့် လှပကျော့ရှင်းနေသည့်အမျိုးသမီးများကိုသော်လည်းကောင်း၊ ဝတ်စုံပြည့်များဖြင့် ခန့်ညားတည်ကြည်နေသော အမျိုးသားများကိုသော်လည်းကောင်း သူမ တွေ့နေရပါသည်။ ဝိုင်ခွက်ကလေးများကို လက်ထဲတွင်လှုပ်ယမ်းကာဖြင့် တစ်ဦးကိုတစ်ဦး ကြည်လင်ရွှင်ပျစွာ စကားပြောနေကြသည့် ထိုလူများကိုကြည့်ကာ Taeyeon သက်ပြင်းချလိုက်မိသည်။ ဒီကိုလာတယ်ဆိုတာ အဲ့လူတွေကို မြင်ရဖို့မှမဟုတ်ဘဲလေ။

Unlimited Where stories live. Discover now