4

5.6K 550 59
                                    

"သူအိပ်ပျော်နေတာလား Taeyeon shi"

"ဟုတ်ကဲ့.. ဟို.."

"ညီမက Yoona ပါ"

"ဟုတ်ကဲ့ Yoona ကျေးဇူးတင်ပါတယ်"

Yoona ဆိုတဲ့ Stephi ရဲ့ သူငယ်ချင်းကို မြင်တော့ လွန်ခဲ့တဲ့ရက်က Stephi နှင့်ထမင်းအတူထိုင်စားနေခဲ့သည့် မိန်းကလေးကို သတိရသွားသည်။ ဒဏ်ရာ သိပ်မများသည်မို့ ခေါင်းမာတဲ့ Stephiက အိမ်မှာပဲ ဆေးထည့်ပတ်တီးစီးပြီး နားနေသည်လေ။ ထို့ကြောင့် Yoona လည်း Taeyeon တို့အိမ်ကိုရောက်နေခြင်းပင်။ Stephi၏ သူငယ်ချင်းက ဘယ်သူဆိုတာတောင် Taeyeon မသိခဲ့ပါ။

"ဟိုလေ စိတ်မရှိဘူးဆိုရင် တစ်ခုလောက်မေးချင်လို့ပါ"

Taeyeon အသံကိုကြားတော့ အခန်းထဲကို ဟိုဟိုသည်သည် ငေးကြည့်နေသည့် Yoona က သူမကိုလှည့်ကြည့်လာသည်။

"ဟုတ်ကဲ့ မေးပါ"

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က Stephi နဲ့ စားသောက်ဆိုင်တွေဘာတွေ ထိုင်သေးလားဟင်"

Taeyeon မေးလိုက်တော့ Yoona ဆိုတဲ့ မိန်းကလေးက စဉ်းစားဟန်ပြုသည်။ ရှည်သွယ်နေသော ထိုမျက်နှာမှာ မိန်းကလေးချင်းပင် ချစ်ခင်မိစေသော အလှတရားကို ပိုင်ဆိုင်ထားပါသည်။

"ဪ.. ဟုတ်တယ်။ တကယ်တော့ ဆိုင်ထဲမှာ သူအရင်ရှိနေခဲ့တာပါ။ ဘာလာလုပ်တာလဲ မေးတော့ ဒီတိုင်း ကြည့်ချင်တဲ့လူရှိလို့လို့ပြောတယ်"

Stephi၏စိတ်ကို Taeyeon မခန့်မှန်းနိုင်။ သို့မဟုတ် မခန့်မှန်းခဲ့ဖူးတာများလား။ Yoona ကို ဆက်မေးဖို့ ဟန်ပြင်လိုက်ပေမယ့် တအီးအီး အသံပေးကာ နိုးလာသည့် Stephi ကြောင့် Taeyeon နှုတ်ဆိတ်နေလိုက်သည်။

"ဟဲ့ နိုးလာပြီလား။ ငါဖြင့်လန့်သွားတာပဲ။ နင်ပြောတော့ ကွာရှင်းဖို့..."

Stephiက Yoonaကို မျက်မှောင်များ ကြုတ်ပြသည်။ သူ Taeyeon ကို တကယ်ကွာရှင်းပေးတော့မှာလား။ တွေးရင်းဖြင့်ပင် Taeyeon စိတ်လှုပ်ရှားလာသည်။ တကယ်ကွာရှင်းပေးမည်မှန်လျှင် ပျော်ရမည်မဟုတ်ပါလား။

"ပြန်တော့ Yoona ငါမနက်ကျ ဆေးရုံကိုလာခဲ့မယ်"

"နှင်နေတော့တာပဲ အေးပါ။ ဪ Stephi နင့်ကို ဆေးရုံအုပ်ကြီး ခေါ်ထားတယ်။ အဲ့ဒါ မနက်ကို သူ့ဆီအရင်သွားလိုက်နော်"

Unlimited Donde viven las historias. Descúbrelo ahora