လန်ဒန်မြို့သို့ ရောက်ရောက်ချင်း Stephi လုပ်ရသည်မှာ နေစရာတိုက်ခန်းရှာရခြင်းဖြစ်သည်။ ဘာအစီအစဉ်မှမရှိဘဲ ယခုလို ရွှေ့ပြောင်းခွင့် တောင်းလိုက်ခြင်းကို ဆေးရုံအုပ်ကြီးကအစ အံ့ဩပြီး တားနေခဲ့သော်လည်း ယခုလိုပုံစံမျိုးနှင့် သူမ ကိုရီးယားမှာ မနေချင်တော့ပါ။ Taeyeon ဘက်က ကွာရှင်းချင်သည့်အကြောင်း အတည်ပြုပေးခဲ့တည်းက သူမ ပြောင်းရွှေ့ခွင့်ရရန် ဆေးရုံသို့ တောင်းဆိုထားခဲ့ပါသည်။ နောက်ပြဿနာ နောက်မှရှင်းမည်ဟူသောစိတ်ဖြင့် ထွက်လာခဲ့ပြီးသည့်နောက် အခုတကယ်ပင် ပြဿနာတက်နေလေပြီ။
လေဆိပ်ထဲတွင် အရူးတစ်ယောက်လို ထွက်ပြေးလာခဲ့သူမကို Taeyeon မည်သို့သောထင််မြင်ချက်မျိုးဖြင့် ကျန်ခဲ့မည်လဲ သူမ မသိပါ။ Stephi ဟာ ဤဇာတ်လမ်းအစမှာတည်းက သူရဲဘောကြောင်တတ်သည့် အတ္တသမားတစ်ဦးဆိုတာ သူမကိုယ်သူမ အသိဆုံးဖြစ်ပါသည်။ Taeyeon ကတော့ တစ်ယောက်ကိုတစ်ယောက်မချစ်ဘဲ ဘာလို့လက်ထပ်ခဲ့ကြရတာလဲဟူသည့်မေးခွန်းဖြင့် နေ့စဉ်ရက်ဆက် စိတ်ပင်ပန်းနေရချိန်များတွင် သူမကတော့ သူ့ကိုချစ်လွန်း၍ နှစ်ဘက်မိဘကို အရူးတစ်ယောက်လို တောင်းဆိုခဲ့ပြီး လက်ထပ်ခဲ့သည်ကို။
တကယ်ဆို စတွေ့ခဲ့ရသည့် ထိုညစာစားပွဲပြီးတည်းက သူ့ကို Stephi မေ့ခဲ့လိုက်ရမှာ။ သို့မဟုတ်လည်း ဒီထက်ပိုကောင်းသော နည်းလမ်းတစ််ခုဖြင့် သူ့ကိုချဉ်းကပ်ခဲ့သင့်သည်။ ပိုက်ဆံသုံးပြီး လက်ထပ်ခဲ့တာတဲ့။ ပြန်စဉ်းစားမိတိုင်း မရယ်ရလွန်းလို့ အမြဲရယ်ခဲ့မိသည်။ Stephi ကို သူမုန်းသလောက် Stephiလည်း ကိုယ့်ကိုယ်ကိုယ်မုန်းပါသည်။ ရှက်လည်း သိပ်ရှက်ပါသည်။ လက်ထပ်သည့်နေ့က သူပြောခဲ့သော "ငါနင့်ကိုလုံးဝမချစ်မိစေရဘူးလို့ ကတိပေးတယ်" ဟူသောစကား။ ထိုစကားဟာ ဒီအထိပါလာခဲ့ပါသည်။ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို မချခဲ့သောကြောင့် ရသင့်သည့် အပြစ်ဒဏ်တစ်ခုကို ရလာသည်ဟုသာ တွေးလိုက်ပါသည်။
ချစ်တာကို ချစ်သည်ဟူ၍ပြောဖို့ရန်ပင် သတ္တိမရှိခဲ့သော Stephi သည် သူ့ကို ဒေါသထွက်ရန်အခွင့်အရေးလည်းမရှိခဲ့ပါ။ သူ့ရည်းစားဟောင်းကို သူသတိတရဖြစ်နေသည့်မြင်ကွင်းများ၊ သူတို့နှစ်ဦး ကော်ဖီဆိုင်ရှေ့မှာ ဖက်နေခဲ့သည့်မြင်ကွင်းများကို အသက်ပြင်းပြင်းရှူထုတ်ကာ ကြည့်နေရုံမှလွဲ ဘာမှတတ်နိုင်ခြင်းမရှိသည့်လမ်းကို သူမကသာ အရင်ရွေးချယ်ခဲ့သည့်သူမဟုတ်ပါလား။ လက်ထပ်ပြီး တစ်လပြည့်သည့်နေ့က သူနှင့်အတူ အပြင်ထွက်နိုင်ရန် အိမ်သို့စောစောပြန်လာသော်လည်း ထိုယောက်ျားဆီဖုန်းဆက်ကာငိုနေသည့် သူ့ငိုသံကိုအကြား Stephi အတွက် ဘာမျှော်လင့်ချက်မှ တကယ်မရှိကြောင်း သဘောပေါက်သွားရပါသည်။

KAMU SEDANG MEMBACA
Unlimited
Fiksi Penggemarကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡