(Zawgyi)
အကာကင်းမဲ့တဲ့ သောင်ပြင်ပေါ် နေအလင်းရောင်က စူးရှရှ ထိုးထွက်လာတာကြောင့် မျက်လုံးခံနိုင်ရည်မရှိတော့တဲ့အဆုံး မင်းရာဇာ နိုးလာလေတယ်။သူ့အရှေ့မှာတော့ အိပ်မောကျနေသေးတဲ့ သီဟက လှောင်ပြောင်နေတဲ့အလား။
အာရုံနေအလင်းဖြစ်တာကြောင့် ထင်သလောက်မပူပဲ မှောင်ရီရီအရောင်လေးက သာယာ၏။'ဥသြ...ဥသြ...'ဆိုတဲ့ ကျေးငှက်တွေ တွန်မြည်သံက နားဝင်ချိုသက်စေ၏။ခဏအကြာမှာ မင်းရာဇာသတိထားမိလိုက်တယ်။သူရော သီဟပါ အင်္ကျီဝတ်ထားခြင်းမရှိပဲ နှစ်ထည်လုံးကို စောင်သဖွယ် ခြုံထားပြီး အဲ့ဒီအောက်မှာ အကာအကွယ်ကင်းမဲ့တဲ့ ရင်ဘတ်ချင်းထိကပ်ပြီး ဥသြငှက်တွေငိုရလောက်အောင် သာယာတဲ့ နှလုံးသားတေးသံတွေ စီမြန်းလို့နေတယ်။
သီဟက သူဌေးမျိုးနွယ်က ဆင်းသက်လာတာမဟုတ်ပေမယ့် သူ့မှာသူဌေးသားတို့ရဲ့ လက္ခဏာတွေရှိနေလေတယ်။ကြည်လင်တောက်ပနေတဲ့ အသားအရည်၊ရဲပြီးရှည်လျားတဲ့ နှုတ်ခမ်း၊မဲနက်ထူထပ်တဲ့ မျက်ခုံးတွေနဲ့ ဖြောင့်စင်းနေတဲ့နှာတံ၊ ပုတုန်းရောင် နက်ပြီး ပိုးသားလေးလို အိနေတဲ့ ဆံကေသာ။အရာအားလုံးက ကြည့်လို့ ကျက်သရေရှိလှတယ်။
ခန္ဓာကိုယ်က သူ့လောက်နီးပါးတောင့်တင်းနေပြီး ယောင်္ကျားအင်္ဂါရပ်နဲ့ပြည့်စုံတဲ့လူတစ်ယောက်။ဒါပေမယ့် ဘာရယ်ကြောင့်များ ထိုလူနဲ့ ကြားခံကင်းရှင်းတဲ့ ထိတွေ့မှု့က သူ့ကိုရင်ခုန်သွားစေရတာလဲမသိ။ခုန်သံပြင်းလွန်းလို့ သောင်ပြင်ကြီးတစ်ခုလုံးပါ တုန်လှုပ်နေသလိုခံစားရလေတယ်။
ထိုရင်ခုန်သံကို မြန်မြန်ဆန်ဆန် အဆုံးသတ်သွားစေရန်အလို့ငှာ ချက်ချင်းကောက်ထလိုက်ပြီး အင်္ကျီကို သီဟဆက်ပေါ်ပြန်ချုံပေးထားလိုက်တယ်။အဲ့ဒီအချိန်ကျမှသူသတိထားမိလိုက်တာက သူ့ဒဏ်ရာ...။
နှလုံးသားမှလာတဲ့ခံစားမှု့က နာကျင်အတိပြီးလောက်အောင် စွမ်းနိုင်လွန်းတယ်။
YOU ARE READING
Beyond the galaxy(ZG+Uni)
Romanceတစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......! (Unicode) တစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......!