Part-30

170 20 2
                                    

(Zawgyi)

အချိန်က စကားပြောလာလိမ့်မယ်။သေသောသူ ကြာရင်မေ့။ဒါဆိုရင် ငါတကယ် မေ့နိုင်သွားမှာလား။ဝမ်းနည်းတယ်။မွန်းကျပ်တယ်။အရာအားလုံးနဲ့အတူ ပျောက်ကွယ်သွားချင်မိတယ်။လှမ်းလိုက်သမျှ ခြေလှမ်းတိုင်းက လေးလံနေတယ်။အခုငါ့မှာ အသက်ရှင်စရာ အကြောင်းအရင်း ရှိသေးရဲ့လား။

သီဟဆက် ရောက်နေတဲ့နေရာက လူခြေထူထပ်တဲ့ မြို့ပြတစ်ခုမဟုတ်ပဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်အိုဟောင်းလေး။စည်းစိမ်မရှိ ပကာသနလည်းမရှိတဲ့ နေရာလေး။ အမေ့အိမ်။

အိုဟောင်းနေတဲ့ ဒေါ်နှင်းဆီ ကုလားထိုင် အဟောင်းလေးနား ထိုင်နေရင်း အိမ်ကြမ်းပြင်ပေါ်က မှိန်မှိန်လေးထင်ကျန်နေတဲ့ သွေးကွက်လေးတစ်ကွက်ကို ငေးလျက်။ပတ်ဝန်းကျင်မှလူများကလည်း ဒီအတိုင်း ဒေါ်နှင်းဆီ ဆုံးပါးသွားတယ် ဟုသာသိကြသည်။အသတ်ခံရကြောင်း မည်သူမှမသိ မည်သူ့ကိုမှလဲ ဖွင့်မပြောခဲ့။

"ဒါ အဆုံးသတ်လား။"

ပူလောင်လွန်းတဲ့အတွက် ဗိုက်နားအထိ ဟထားတဲ့ အင်္ကျီအဟောင်းလေးကြားက ဖြူဖွေးတဲ့ ရင်ဘက်ချိုင့်ကြောင့်လေး ပေါ်မှာချွေးစက်တွေက တွဲလဲခိုလို့နေကြတယ်။

အရင်က ဂုဏ်ပကာသန ကင်းမဲ့ပေမယ့် မေတ္တာရောင်စုံနဲ့ ဖုံးလွှမ်းနေတဲ့ အိမ်ကလေးက ယခုတော့ အရောင်ကင်းမဲ့ခဲ့လေပြီ။လေတိုးဝှေ့သံ တဝီဝီမြည်နေတဲ့ ကြမ်းကြာလေး တစ်ခုကို သီဟ ခြေထောက်နဲ့လှမ်းဖိလိုက်တယ်။

အဲ့အရှေ့မလှမ်းမကမ်းမှာ တွေ့လိုက်ရတာက သွေးစွန်းကွက်ပါးပါးကျန်တဲ့ အဖြူရောင်အင်္ကျီပါးပါးလေး။လေတိုက်ရာ လိုက်ပြီးယိမ်းလို့နေတယ်။

"မင်းရာဇာ.... "

သီဟ မှီထားတဲ့ ဝါးကုလားထိုင် အဟောင်းလေးကိုမှီပြီး အလင်းပေါက်လေးတွေ ဖြစ်နေတဲ့ အိမ်ခေါင်မိုးကို မော့ကြည့်ရင်း သက်ပျင်းရှည်ကြီး တစ်ချက်ကို စိတ်ပျက်လက်ပျက်နဲ့ပဲ ချလိုက်လေတယ်။

"ငါ့အမေသေရတာ မင်းကြောင့်လား။ငါ့ကြောင့်လား။ငါမင်းနဲ့တွေ့ခွင့်ရတာ ကံဆိုးမှု့တစ်ခုပဲ။ငါ့လို မပြည့်စုံတဲ့လူကိုမှ ဒုက္ခပေးရတာက မင်းအတွက် ပျော်ရွှင်မှု့တစ်ခုလား။"

Beyond the galaxy(ZG+Uni)Where stories live. Discover now