( ၄ )
" ဪ အမိန့်ပေးတာမကြိုက်ဘူး...ဟမ့်...ငါ့အရိပ်ကို ဘယ်သူကလာအရင်လာခိုတာလဲ ငါနဲ့လာပတ်သတ်တာ ဘယ်သူလဲ ပြောစမ်းပါဦး "
" ဒါကတော့ ommaက ကျွန်တော့်ကိုပညာတော်သင်ဖို့လွှတ်တာလေ ခင်ဗျားရဲ့အရှုပ်အထုတ်ထဲ ၀င်နွယ်ဖို့လွှတ်တာမှမဟုတ်တာ "
luhan သူ့ကိုတစ်ခွန်းမကျန် ပြန်ရန်တွေ့လိုက်၏....။.
" ဟား ဟား ဟား.....တော်တော် တရားကျဖို့ကောင်းတဲ့လူတွေ "
luhanကို စေ့စေ့နှပ်နှပ်ကြည့်နေရာမှ ရီလိုက်၏...။
မိမိ၏စကားကိုကြားပြီး ခြောက်ကပ်စွာ ဟားတိုက်လှောင်ရယ်လိုက်သည့် အကြောင်းအရင်ကို မသိ ....။ " ကျွန်တော်ပြောတဲ့ထဲမှာ ရီစရာပါနေလား "
luhan၏ စကားကြောင့် သူ့မျက်နှာ ခက်ထန်သွားကာ ရှေ့သို့တိုးလာခဲ့ပြီး မျက်နှာအနား ကပ်လာခဲ့သည်မို့luhan ကိုယ်ကို အနောက်သို့ ယို့လိုက်ရသည်...
။" ငါကရော ရီချင်လို့ရီနေတယ်ထင်လား "
Luhan သူ့မျက်နှာနှင့် စေ့စေ့တွေ့လိုက်ရသည်မို့ ရင်ထဲပူသလိုခံစားချက်ကြီး ဖြစ်လာခဲ့၏...။သူ့ကို ကြောက်နေမိသည်လား မပြောတတ်...။
အကယ်၍ luhanသာ လသားကလေးငယ်ဖြစ်ခဲ့ပါက.Sehun၏မျက်နှာထားကိုကြည့်၍ ကြောက်လွန်းသဖြင့်.အာဗြဲနှင့်အော်ငိုမိလိမ့်မည်..။
ထို့ကြောင့် Sehun၏ မျက်နှာကိုလွှဲဖယ်ပြီး
ညစာစားပွဲတွင်ဝင်ထိုင်လိုက်ရင်း စကားဖြတ်ပစ်လိုက်ရသည်...။ မဟုတ်ပါက luhan အကြောက်လွန်၍ သေသွားနိုင်သည်...။_________________________________
" Chan Han ကိုငါလိုက်ရှာချင်တယ် "
" မရူးစမ်းနဲ့ Kai မင်းတော်ရုံပဲကောင်းတယ်"
" ငါ တကယ်တွေ့ချင်လို့ပါကွာ ညဦးလောက်က ဖုန်းဆက်တာ ရုတ်တရက်ဖုန်းချသွားတာကွ ငါ ငါစိတ်ပူတယ် "
YOU ARE READING
FASCINATION[Completed]
Fanfictionငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018