တိုက်ကြီးများဟိန်းကာ ထပ်နေသော အိမ်ဟုခေါ်သည့် နေရာကြီးကို လျှာထိုးဦးထုတ်ကျွတ်ကျမတတ် မော့ကြည့်ရင်း အံ့သြနေမိသည်...။
ဒီအိမ်ကြီးက မိမိတို့ အိမ်ကြီးနှင့်စာလျှင် အသေးအမွှား မြူမှုန့်လောက်ပင်ရှိဦးမည်..။ ခြံစောင့်ဦးလေးကြီးခေါ်ရာနောက်သို့လိုက်လာရင်း Luhan အိမ်ကြီးထဲသို့လေးပင်စွာဝင်လာခဲ့ရသည်..။
Sehun ဟုခေါ်သည့် လူတစ်ယောက်နှင့် အတူနေရမည်ဟု Arjumaပြောပြထားသည့်အတိုင်း ထို Sehun ဆိုသည့်လူကြီးကိုတွေ့ရဖို့ဝန်လေးနေမိသည်...။
" တီးတောင်..."
အိမ်ဝင်ဝင်ချင်းအခန်းဝတွင်ရှိသည့် bell ကိုနှိပ်လိုက်လျှင် မကြာပါ...အရပ်ရှည်ရှည် အသားဖြူဖြူထောင်ထောင်မောင်းမောင်းနှင့်လူတစ်ယောက် တံခါးလာဖွင့်ပေးပြီး ...မိမိကို သေချာကြည့်ကာ...
" သူလား..."
" ဟုတ်ပါတယ်သခင်လေး "
" နေရာချပေးထားလိုက် ..."
" ဟုတ်ကဲ့ပါ "
ပြောနေသောစကားများကို နားမလည်။
အိမ်စောင့် ဦးလေးကြီးက ခါးလေးချိုး၍ ရိုသေသမှုဖြင့် အိမ်ထဲဝင်သွားတော့ မိမိလဲ ခါးလေးညွှတ်၍ အိမ်ထဲဝင်သွားရသည်..။ကြီးမားလိုက်သည့်အိမ်ကြီး...ဟော်တယ်တစ်လုံးစာလောက်ခန့်ညားကြီးမားသည့်အိမ်မျိုးမှာ တစ်ယောက်ထဲနေတာတဲ့လား...။ ဟိုကြည့်ဒီကြည့်ကြည့်ရင်း ပစ္စည်းအချို့ကို ၀င်တိုက်မိ၏....။" ဂလွမ် " လှေကားအနားရှိ ပန်းအိုးကြီးတစ်အိုးကို အရှေ့အနောက်မလွတ်ပဲ တိုက်မိကုန်၏..။
စိုးရိမ်စိတ်နှင့် သူ့ကိုကြည့်လိုက်တော့ ....ဘာမှမပြောသေးဘူး ကြည့်နေတယ် ဆိုသည့်အချိုးမျိုးနှင့် ကွန်ပျူတာရှေ့တွင် အလုပ်ရှုပ်နေ၏..။ ကော်ဖီခွက်နှင့်လဲ အလုပ်ရှုပ်နေသေး၏..။
မိမိအတွက်ပြင်ဆင်ပေးထားသော အခန်းမှာ အရမ်းကြီး သန့်ပြန့်မနေသော်လဲ မိမိ၏ကိုယ်ပိုင်အခန်းကျဉ်းလေးနှင့်စာလျှင် အများကြီးသာသေးသည်..။
Luhan တက္ကသိုလ်တက်ရတော့မည့်နေ့ထက် တစ်ရက်ကြို၍ ဤအိမ်ကြီးသို့ရောက်လာရခြင်းဖြစ်လေသည်..။Sehun နှင့် မည်သို့ပတ်သတ်နေသည်ကို မိမိမသိ...။
YOU ARE READING
FASCINATION[Completed]
أدب الهواةငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018