( 6 )
နီညိဳေရာင္ရွပ္အက်ႌ လက်ရှည်ကို တံတောင်ဆစ်ရောက်သည်အထိခေါက်တင်ပြီး တိုက်ခန်းတံခါးကိုဖွင့်ကာအထဲဝင်သွားလိုက်သည်...။
ဦးလေးကိုအကြောင်းပြပြီးHan ကိုရှာရန် Tokyoအထိလိုက်လာခဲ့သည်ကိုအိမ်ကသိလျှင်မိုးမီးလောင်ပေလိမ့်မည်...။
Hanကို မတွေ့မချင်း Tokyoတွင်နေရမည့်အခြေအနေ
မို့ ရေမိုးချိုးပြီးလျှင် လိုအပ်သည့်မီးဖိုချောင်သုံးပစ္စည်းများကို ၀ယ်ယူရပေဦးမည်...။ရေပိုက်ကို ဖွင့်ကာ ဦးခေါင်းပေါ်သို့ ရေအေးများရောက်ရှိလာသည့်အခိုက် Han ဆိုသည့် အတွေးများ တစ်ခါထဲပါသွားစေချင်ပါ၏....။
သို့သော် Hanကို မုန်း၍မရ...။ သနား၍ချစ်မိခဲ့သည်လား.....။
ချစ်၍ပဲ သနားခဲ့သည်လား....။အဖြေရှာ၍မရသော အချစ်ကိုမိမိကိုယ်တိုင်လဲ နားမလည်...။Hanကို ရှာမည်ဟုသာ ပြောနေသည်..။ ဘယ်နေရာတွင်ရှာရမည်မသိ...။
လမ်းမပေါ်တွင် ရှုပ်ယှက်ခတ် နေသော ကားများက Kai၏စိတ်ကိုပို၍ ရှုပ်ထွေးစေပါ၏...။ Taxi ကို လူရှင်းသော လမ်းဘေးစတိုးဆိုင်ငယ်တွင်ရပ်စေကာ စတိုးဆိုင်ထဲဝင်လိုက်၏....။
စတိုးဆိုင်ထဲအ၀င်...ဖျတ်ခနဲမြင်လိုက်ရသော လူတစ်ယောက်အနားသို့ အပြေးသွားပြီး... ထိုလူ၏လက်မောင်းကို ဆွဲလိုက်လျှင်
"Han... "
" ဟင်..hyung.. "
ဟုတ်ပါသည် hanမှ Hanအစစ်....။
" Hyung Tokyoကိုဘာလာလုပ်တာလဲ "
" ငါ...ငါ့ဦးလေးက ငါ့ကိုခေါ်လို့ "
" ဪ... Tokyoမှာ ဦးလေးရှိတာ Hyungမှမပြောတာ "
" မင်းရော ဘာလာလုပ်တာလဲ "
Han၏မျက်နှာ ချက်ချင်းညိုးလျော်သွား၏...။
" ကျွန်တော်.....စားစရာလာဝယ်တာ Hyung"
" ဘာဖြစ်လို့လဲ Han နေမကောင်းဘူးလား မင်းအဖေရော "
" ဖေဖေက အိမ်မှာရှိတယ် ကိုယ်တိုင်ဝယ်ချင်လို့ အိမ်ကထွက်လာတာ "
YOU ARE READING
FASCINATION[Completed]
Fanfictionငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018