အိမ်ခြံဝတံခါးကို တွန်းဖွင့်ပြီး အိမ်ထဲကိုဝင်လာလိုက်သည်။ မိမိအိမ်ပြန်လာမည်ကို သိသဖြင့် ခြံတံခါးကို သော့ခတ်မထား...။
" ကျွန်တော် ပြန်ရောက်ပြီ အဖေ "
" အေး သား အိပ်ချည်တော့ ကားကလဲညဥ့်နက်လိုက်တာ "
" ဟုတ်ကဲ့ အဖေ "
အိမ်ရှေ့ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း မိမိပြန်အလာကို စောင့်နေသော အဖေက ပြောရင်းပင် အိပ်ယာဝင်သွားလေသည်။ အိမ်ပေါ်ထပ်သို့ တက်လားပြီး အသင့်ပြင်ပေးထားသော အိပ်ယာတွင်လှဲကာ အိပ်လိုက်သော်လဲ မျက်လုံးက အိပ်မရ...။
မီးပိတ်ထားသဖြင့် ဖုန်းမှန်ပြင်မှလင်းနေသော အလင်းရောင်တစ်ခုသာ ရှိနေသည်...။ ဖုန်း content တွင် မှတ်ထားသည့် နာမည်ကိုသာ ကြည့်ရင်း သက်ပြင်းချမိလိုက်သည်...။ စတိုးဆိုင်တွင် တွေ့ပြီးနောက်ပိုင်း hanကို အရိပ်အယောင်ပင်မတွေ့ရ...။
ဖုန်းဆက်တော့လဲ အမြဲတမ်း...ဆက်သွယ်မှုဧရိယာပြင်ပ.. .။
အားငယ်လာသည်...။ သိမ်ငယ်ရသည်....။ဒီအချိန် han...အိပ်နေမည်ဆိုသည်ကိုသိသော်လဲ
လက်က မနေနိုင်စွာ..အလွတ်ရနေသော ဖုန်းနံပါတ်ကို နှိပ်မိလိုက်သည်...။"... တီး....တီး.... "
ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး အိပ်နေရာမှ ထ ထိုင်လိုက်မိသည်...။ ဒါ...ဖုန်းဝင်သွားတာမဟုတ်လား...။
လည်ချောင်းများ ခြောက်လာပြီး ရေငတ်လာသလိုခံစားရသည်....။ အလိုလိုနေရင်း မောဟိုက်လာသလို..။han၏ တုန့်ပြန်သံကို ကြားချင်လှပြီ....။
နားအနားကပ်ထားသည့်ဖုန်းကို ပို၍ကပ်ထားမိသည်...။ဒီဖုန်းဝင်သံကနှင့် ကျွန်တော့အတွက်...ဘာနဲ့မှလဲမရတဲ့ ပျော်ရွှင်မှု...။ သို့သော် ..ပျော်ရွှင်မှုက ကြာကြာမခံ...။
'" ဟဲလို..."'
တစ်ဖက်မှ တုန့်ပြန်သံသည် ham၏အသံမဟုတ်...။
YOU ARE READING
FASCINATION[Completed]
Fanfictionငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018