( 13 )
အတိတ်ကိုသာ ပြန်ပြင်ခွင့်ရှိမယ်ဆိုရင် han ကျွန်တော့်ဘ၀ထဲကို စရောက်လာတဲ့နေက စပြင်မယ်။
ပန်းအိုးအကြီးကြီးကို နမော်နမဲ့ဝင်တိုက်ခဲ့တဲ့ ဖြူဖြူပါးပါးကောင်လေးတစ်ယောက်ကို အပြုံးတွေနဲ့ ကြိုဆိုဖြစ်ခဲ့မယ်ထင်တယ်...။
ကုမ္ပဏီစာရင်းချုပ်ဆိုတဲ့ အရေးမပါတဲ့ စာအုပ်တစ်အုပ်ကိုလဲ hanကိုဖမ်းမသွားစေဖို့ လိုက်လိုက်လျောလျော ပေးမိဦးမှာ....။
ဘာမှမရှိခဲ့တဲ့ဘ၀မှာ hanက ကျွန်တော့်အမုန်းတွေကို ကြေအောင်ချေမယ်လို့ပြောပြီး အခုကျွန်တော်က hanရဲ့အမုန်းတွေကို ကြေအောင်ဆပ်နေရတယ်.။ han မရှိတော့ဘူးဆိုတဲ့အသိ...။
ကျွန်တော်အနိုင်ကျင့်ပြီး
နှိပ်စက်ခဲ့တဲ့ ကောင်လေး...ကျွန်တော် "ချစ်တယ်"
ဆိုပြီး ဒဏ်ရာတွေချည်းပေးမိခဲ့တဲ့ ကလေး...။
သူမရှိတော့ဘူး....ကျွန်တော့်ကို အသက်နဲ့ရင်းပြီး
နာကျဉ်စရာတွေနဲ့အမြင်မှန်တွေရအောင် လမ်းပြပေးခဲ့တဲ့ ကလေး...။" ချစ်တယ် " ဆိုတဲ့စကားက အဲ့လောက်ထိစွမ်းတာ...မသိခဲ့တာ နာတယ်...။
စိတ်ငြိမ်ဆေးတွေ အသောက်များပြီး ဆေးရုံရောက်ခဲ့ရတယ် ကလေးရဲ့...။ကျွတ်စ့်...ပြောရင်းနဲ့ ကျွန်တော့်မျက်လုံးတွေ အောင့်လာလိုက်တာ....။ အား....ငိုမိပြန်ပါပြီ...။
မငိုမိအောင် လက်ထဲကဆေးလိပ်ကို တစ်ရှိုက်ဖွာပြီး ကြည်တောက်နေတဲ့ ရုံးခန်းနံရံဖန်သားတွေဆီ မှုတ်ထုတ်လိုက်တယ်...။ အမုန်းတွေကလဲ အခုမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေလို ကိုယ့်ဆီပဲပြန်လာတတ်ကြတာလား...။
နာကျဉ်လိုက်တာကွာ...။ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲထည့်လိုက်ရင်းမျက်လုံးကို မှိတ်ချလိုက်တော့ ပါးပြင်ပေါ်က ပူလောင်တဲ့စီးကြောင်းတစ်ခု..။
မျက်ရည်တွေ...။ ပါးတွေကပါပူလောင်လာတယ်..။ ရင်ထဲမှာ နင့် ခနဲ...။ တစ်စုံတစ်ယောက်က ရင်ဝကိုအင်နဲ့အားနဲ့ ဆီးပြီးကန်လိုက်သလိုမျိုး...ကိုယ့်ရင်ဘတ်ကို ဖိပြီး အသက်ကိုဝအောင်ရှုလိုက်တယ်...။
YOU ARE READING
FASCINATION[Completed]
Fanfictionငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018