( ၇ )
" ကျွန်တော် အစ်ကိုရဲ့ကျွန် လုပ်မယ် "
ကျွန် ဆိုသည့်အသုံးအနှုန်းကို သုံးလိုက်သည့် luhan ကို
အံ့သြစွာကြည့်နေရင်း" ဘာ....မင်း ဘာပြောလိုက်တယ် "
" အစ်ကို ကျွန်တော့်ကို မုန်းတယ်ဆို အဲ့အမုန်းတွေကြေအောင်ဆပ်မယ် "
Sehun ရွဲ့ပြုံးတစ်ချက်ပြုံးကာ...
"ဟက် ကောင်းပြီ မင်းသဘောပဲ "
Sehun luhanကို မျက်နှာလွဲကာ အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်..။ ရူးကြောင်ကြောင်နှင့် မိမိရှေ့တွင် ကျွန် လုပ်မည်ဟု ပြောလာသည့် ကောင်လေးကို ကျွန်တော် နဲနဲလေးမှ ကြည့်မရ...။
သူပြောတာလဲ မှန်သည်...ကျွန်တော့် ပထွေး၏ သားမို့ ခါးခါးသီးသီး မုန်းမိပါသည်...။
♡ ♡ ♡ ♡ ♡
khunပိုင်ဆိုင်သည့် ရှယ်ယာများ ပြန်ထုတ်ယူစေကာ ကုမ္ပဏီမှ အလုပ်ထွက်စေခဲ့သည်...။ Khunသည်လဲ အပြစ်ကိုဝန်ခံသည်ပြီိး Sehun၏ ကုမ္ပဏီမှ ထွက်သွားခဲ့ပြိမို့...ပြသနာတစ်ခုရှင်းလေပြီ...။
နောက်ပြသနာတစ်ခုက Mora.. ။ မိမိထက် အသက်ကြီးသောMora..။ မိမိတို့ကျောင်းတွင် ရေပန်းစား နာမည်ကြီးခဲ့သော Moraကို ပိုင်ဆိုင်ရသော Sehunအား မည်သည့်ယောက်ျားလေးကမျှ ကြည့်မရ....။
ဤသည်ကိုပင်
Sehun အကျေနပ်ကြီးကျေနပ်ကာ ပျော်နေခဲ့သည်..။
ပျော်ရွှင်မှုများပျောက်ဆုံးရသည့် နံနက်ခင်းအား မေ့ထားခဲ့သည်မျာ ကြာချေလေပြီ...။" ♪ ♪ ♪ ♪ Ring... Ring "
စိတ်ရှုပ်နေသည့်ကြားမှ ဖုန်းကို ကိုင်ကြည့်တော့ Unknown contant.. ။
" yorbosaeyo အမိန့်ရှိပါ.. "
" ဟဲလို Hun... ငါပါ "
" ဟင်....Noona... "
အသံကြားကြားချင်း အံ့သြမှင်သက်ခြင်းများ တစ်ကိုယ်လုံးဖုံးသွားပြီးရင်အစုံ လှိုင်းထလာခဲ့၏..။
YOU ARE READING
FASCINATION[Completed]
Fanfictionငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018