( ၉ )
"Mora ကိုယ်တောင်းပန်ပါတယ်ကွာ အဲ့နေ့က အဲ့ကောင်လေးက ဖျားနေတာ ခုထိမပျောက်ဘူး အဲ့ကလေးကို ကိုယ်လဲမုန်းပါတယ်ကွ "
" ဪ...မုန်းလို့အဲ့လိုကာကွယ်ပေးနေတာပေါ့ "
" မှားနေပြီ Moraရဲ့ အဲ့ကောင်က ommaနောက်ယောက်ျားရဲ့သား ကိုယ်အရမ်းမုန်းတယ် အဲ့ကောင်လေးနာကျဉ်းနေရတာမြင်ချင်တယ် အဲ့ကောင်လေးအတွက်နာကျဉ်းစရာတွေကို ကိုယ်တစ်ယောက်ထဲပေးချင်လို့ "
" ဟွန်း ဟုတ်ပါပြီ ဒါနဲ့အန်တီနဲ့ အဆင်ပြေ အောင်စကားလေးပြောကြည့်စမ်း
Hun ya နင်ငါ့ကိုချစ်ရင်ပေါ့... "Sehun မျက်နှာတစ်ဖက်သို့လွှဲသွားရင်း...
" ကိုယ်ကြိုးစားကြည့်ပါ့မယ် "
" ငါ့မှာမိဘတွေမရှိတော့တာ နင်သိသားနဲ့ hunရာ
ကိုယ့်အမေကို ရှိတုန်းလေးဂရုစိုက်စမ်းပါ...ငါ နင့်အတွက်ပြောနေတာ "Moraတွင်မိဘများမရှိကြ တစ်ယောက်ထဲရုန်းကန်ရသူပီပီ..ရင့်ကျက်သည်...။ မကောင်းသည့်အကျင့်ကားသူတစ်ပါးကို တောက်တိုမည်ရ ခိုင်းတတ်ပြီး လက်ညိုးထိုးခိုင်းတတ်သည့်အကျင့် ။
နိုင်ငံတစ်ကာနှင့်ရင်ဘောင်တန်းနေသူပီပီ ခေတ်နှင့်အညီဝတ်စားဆင်ယင်မှုရှိသော်လဲ စကားပြောညက်သည်..။ တစ်ခါတစ်လေ ဘုတောသည်...။သူမစိတ်သည် မည်သူမျှခန့်မှန်းမရသည့်စိတ်ဖြစ်၏...။
Sehub အိမ်သို့ပြန်လာပြီး ommaအခန်းရှေ့သို့သွားမိသည်...။
လွန်ခဲ့သည်ရက်အနည်းငယ်ကနေမကောင်းဘူးဟုပြောသံလဲကြားသည်..သက်ပြင်းဖွဖွချ၍တံခါးကိုအသာဖွင့်ကြည့်လိုက်သည်...။နို့နှစ်ရောင်စောင်ထူထူ မွေ့ယာခင်းထူထူပေါ်အသာလှဲနေသောommaရုပ်ရည်သည် ဇရာထောင်း၍ ရင့်ရော်နေသည်လား....စိတ်ထောင်း၍ကိုယ်ကြေနေသည်လား မသိ..။
အခုမှသေချာကြည့်မိသည်...။ommaအသက်အတော်ကြီးသွားသည့်ပုံစံပင်ပေါက်နေသည်..
YOU ARE READING
FASCINATION[Completed]
Fanfictionငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018