( ၁၀ )
" ခွပ်... "
မျက်နှာပေါ်သိုရုတ်တရက်ရောက်လာသော လက်သီးချက်...။ ခုတင်ပေါ်ပစ်လဲသွားသော ခန္ဓာကိုယ်...။
ကျွန်တော့်မှာ.ငိုစရာ..မျက်ရည်တွေမရှိတော့ဘူး....။
" ငါမင်းနဲ့အတူအိပ်ပြီး Sehunဆီကိုပုံတွေပို့ထားတယ်
မင်း...ကလိမ္မာတဲ့ကလေးပါကွာ ဘာပြောပြောငြိမ်ခံမယ်မဟုတ်လား...."ကြားယောင်လာသောဟိုလူ၏စကားသံများ ဆူညံသံမျ...နားထဲတွင် တ၀ီဝီ...မည်လာသည်...။
" အား..... "
နာကျဉ်လွန်းသဖြင့် အော်လိုက်မိသည်...။ခေါင်းထဲတွင် ထူပူကာ ကိုက်ခဲလာသည်...။
ကျွန်တော့်ရှေ့တွင်Sehun..
ဟုတ်တယ် အစ်ကို...အစ်ကို...ကျွန်တော့်
့်အင်္ကျီစကိုဆွဲထားတယ်....။ လွတ်ပါ အစ်ကိုရယ်...
ကျွန်တော်မွန်းတယ်....။အသံများက လည်ချောင်းထဲမှထွက်မလာ.. မျက်ရည်များဖြင့်ေ၀၀ါးလာသည်...။ ကျွန်တော့်တစ်ကိုယ်လုံး ပူလောင်နေသည်။
နာကျဉ်ကိုက်ခဲနေသည့်ဦးခေါင်းထဲမှ တစ်ဒိတ်ဒိတ်မြည်သံသည်ဗုံးများစွာပေါက်ကွဲနေသကဲ့သို့ကျယ်လောင်စွာ ပေါက်ကွဲနေ၏...။
ဘာကိုမှမသိ...သတိထား၍မရ...။Sehunကတော့ ဘာတွေပြောနေမှန်းမသိ...။Sehun၏လက်ထဲတွင် အကိုင်ပေါက်ခံ...နှိပ်စက်ခံအရုပ်ကလေးတစ်ခုကဲ့သို့Sehun...
တွန်းလျှင်တွန်းချင်း.....ဆွဲလျှင်ဆွဲချင်း....ခန္ဓာကိုယ်သည် ယိမ်းနွဲ့နေ၏..။Sehunပြောသည့်စကားများကို သေချာအာရုံစိုက်မိသည်..
" ငါ Moraနဲ့လက်ထပ်တော့မှာ... မင်းငါ့ကိုမနှောက်ယှက်နဲ့. . "
" မဖြစ်ဘူး လက်မထပ်ရဘူး "
လည်ချောင်းများကွဲထွက်သွားအောင်ရှိသမျှအားနှင့် အော်ပစ်သည်..။ ဒါတော့အစ်ကိုကြားရဲ့လား...။
" မင်းလိုကောင်မျိုးက ငါ့ကိုအမိန့်လာပေးလို့မရဘူးကွ
နားလည်လား မင်း သေတာပဲကောင်းတယ် luhan"
YOU ARE READING
FASCINATION[Completed]
Фанфикငါတို့ ဟာ ရေစက်ပါလို့ ဆုံရတာမလား . . အမှတ်တရတွေကို တိမ်စိုင်လို မလွင့်ပြယ်စေချင်ဘူး . .Han ငယ် Hunhan 🍓Start =8.11.2018