🔯1🔯

8.6K 350 12
                                    

မိုးသားကင်းစင်ကာ သာယာကြည်လင်နေသော ကောင်းကင်ယံအောက်.. တောင်ကျစမ်းရေ အေးအေးလေး စီးဆင်းနေသော ရေကန်ပြင်ကျယ်ကြီး၏ အထက်တွင် လသာဆောင်ပုံသဏ္ဌာန်ရှိ အဆောင်ငယ်လေးတစ်ခု

သစ်ပင်စိမ်းစိမ်းစိုစိုလေးများ၏ လေတိုက်ခတ်သံကြောင့် တရှူးရှူး တရှဲရှဲ ရိုက်ခတ်သံများကလွဲ၍ ကျန်သည့်အသံမကြားရအောင် တိတ်ဆိတ်သော ထိုအဆောင်လေး၏ အလယ်တွင်တော့ စာရွက်များဖြင့် တစ်စုံတစ်ခုကို အသည်းသန် အာရုံစိုက်နေသော ကောင်လေးတစ်ယောက်ကိုမြင်ရမည်ဖြစ်သည်။

နေရောင်အောက်တွင် ထိုကောင်လေး၏ ဖြူ ဖွေးကာ သွယ်တန်းလှပနေသော လက်ကလေးများက မင်စုတ်တံကို ဆရာကျကျ ကိုင်တွယ်နေသည်မှာ ပို၍ မင်သက်ဖွယ်..

စာရွက်များပေါ် မင်ဖြင့် ပန်းပုံ ပန်းချီကားကို ရေးဆွဲနေသည်မှာ လက်ရာမြောက်သည်ထက်
လေတိုက်လိုက်တိုင်း ယိမ်းနွဲ့နေသော နက်မှောင်သည့် ဆံနွယ်ရှည်လေး နဲ့ ပနံသင့်စွာ စိမ်းပြာရောင် ဝတ်ရုံကို လိုက်ဖက်အောင် ဝတ်ဆင်ထားသည်မှာ ဆွဲနေသော ပန်းချီကားကို ပို၍လက်ရာမြောက်စေသည်။

ကောင်လေးရဲ့ နာမည်ကတော့ Byun မျိုးနွယ်အဝင်က ဆင်းသက်တဲ့ Baekhyun
နာမည်အပြည့်စုံအရဆို Byun Baekhyun
ဖခင်မှာ နယ်မြို့စားမင်း တစ်ယောက်ဖြစ်သည်။

BaekHyun ပန်းချီကားကို အာရုံစိုက်နေရင်း ဆတ်ခနဲ မျက်နှာကိုလှည့်လိုက်သည်။ အပြုံးရိပ်လေးတစ်ခုက မျက်နှာပေါ်ဝယ် ဖြတ်ပြေးပြီး..

"ဆရာ.. အိပ်ချင်ယောင်ဆောင်မနေပဲ ဒီတိုင်းကြည့်လို့ရပါတယ်ဗျာ..အဘယ်အတွက်ကြောင့် သူခိုးက လူကြည့်သလို ခိုးခိုးကြည့်နေရတာတုန်း"

"အဲ့တာ... မင်း စိုးရိမ်စရာ ကိစ္စမဟုတ်ပေဘူး..အဘယ်ကြောင့် ဒီဆရာရဲ့ စိတ်နှလုံးသားကိုမသိရတာလဲ"

Baekhyun မင်စုတ်တံကို ပြန်ကိုင်လိုက်ပြီး မျက်လုံးလေးက စာရွက်များဆီသို့ တဖန်ပြန်ရောက်သွား၏။

"ကျွန်တော်မျိုး အဆင်ပြေတာမို့လို့ စိတ်မပူပါနဲ့ ဆရာ"

*အဆင်ပြေတယ်သာ ပျော်နေပြီး မျက်နှာက မှောင်နေလိုက်တာ..ငါ့တပည့်လေး
အေးပေါ့လေ ယောကျာ်းပျိုငယ်တစ်ယောက်က မိမိချစ်ခင်နှစ်သက်တဲ့ မိန်းမပျိုတစ်ဦးနဲ့ မဟုတ်ပဲ တခါမှ မသိမမြင်ဖူးတဲ့ အခြားယောကျာ်းတယောက်နဲ့ လက်ဆက်ရမယ်ဆိုတာ..ပြီးတော့ ထိုသူက ဒီ ဂိုလျော တိုင်းပြည်ရဲ့ နောင်တချိန် အရှင်ဖြစ်လာမဲ့ အိမ်ရှေ့စံ.. မကြာခင်ပဲ အိမ်ရှေ့စံနဲ့ လက်ဆက်ရတော့မှာ ဆိုတော့ လွတ်လွတ်လပ်လပ် သူနှစ်သက်တဲ့ ပန်းချီကားတွေကို ဆွဲခွင့်ရမှာမဟုတ်တော့ဘူး..*

✡  ကြင်ယာတော် BYUN  ✡Where stories live. Discover now