🔯4🔯

2.3K 252 10
                                    

"အခု ဘာပြောလိုက်တာလဲ''

Baekhyun ပြောသည်ကို chanyeol နားမလည်စွာကြည့်ရင်း လက်နှစ်ဖက်ကို ခါးထောက်ကာ ပြောလိုက်သည်။

ကူညီပေးမဲ့သူကိုပဲ မယုံသင်္ကာဖြစ်နေသော အရှင့်ကို ကျွန်တော် စိတ်မရှည်ချင်တော့

"အဲ့မာ တွေ့ခဲ့တဲ့ ပန်းချီတွေကို ပုံတူဆွဲပီး လဲလိုက်ရင် မင်းသားရဲ့ တာဝန်ပြီးဆုံးတယ်မလား"

"ဟူး.. အဲ့လိုဆို ကောင်းပေမဲ့ ဘယ်သူက အဲ့တာတွေ အကုန် မှတ်မိမှာ..."

Chanyeol သက်ပြင်းတချက်ချကာ ခေါင်းခါရင်း
မျက်လုံးအစုံပြူးလာကာ baekhyun ကိုကြည့်လာသည်။

"မဟုတ်မှလွဲ တစ်လက်မ မင်းအကုန်မှတ်မိတာလား"

ထိုကောင်လေးကို အံ့အားကြီးစွာ မေးမိတော့ နှိမ့်ချလိုက်သည့် အရိပ်အရောင်တို့က မျက်လုံးအိမ်အတွင်းဖြတ်ပြေးသွားသကဲ့သို့ ခန္ဓာလေးလည်းကြုံ့သွားသည်။

"လုပ်ကြံပြောတယ်ထင်မလားမသိပေမဲ့ ကျွန်တော်က တခါမြင်ဖူးတဲ့ ပန်းချီကို အစအဆုံး အသေးစိတ်ကအစ မှတ်မိနိုင်ပါတယ်..."

ခေါင်းငုံ့ကာ ပြောနေသော baekhyun စကားကို chanyeol မယုံကြည်နိုင်လောက်အောင်ပင် အံ့သြကာနေသည်။

"အခု တခြားနည်းလမ်းလည်းမရှိတာပဲ..ကျွန်တော့်ကို ယုံကြည့်ပါ..တခုခုမှားယွင်းရင် ကျွန်တော်တာဝန်ယူတယ်"

Chanyeol သေချာစဉ်းစားတော့လည်း baekhyun ပြောသောနည်းလမ်းကသာ အကောင်းဆုံးဖြစ်နေသည်။
သို့သော်လည်း အလွန်အရေးကြီးသော အလုပ်ဖြစ်သည်မို့..

"အခု ဒီကိစ္စက ငါ့အတွက် ဘယ်လိုကိစ္စလဲဆိုတာ...."

"သိပါတယ်..အဲ့တာကြောင့်လည်း အရှင့်သားအတွက် ကျွန်တော် အကူညီဖြစ်ပေးမှာပါ"

ယုံကြည်ပေးရန် တထပ်ထပ်တခါခါပြောနေသော ထိုကောင်လေးစကားကို ထပ်မပယ်ရှားဝင့်သော chanyeol တယောက် နောက်ဆုံး ကိုယ်ရံတော် ယွန်းကိုသာ လိုအပ်သော ပန်းချီကားချပ်၊ စုတ်တံနှင့် မင်တုံး မင်ခွက်တို့ကို ရှာပုံတော် ဖွင့်ခိုင်းလိုက်ရတော့သည်။

ဒီနေ့မှ ပထမဆုံး တွေ့ဖူးသော ကောင်လေးဖြစ်ပြီး ကလေးအရွယ်လောက်သာသာရှိတဲ့ ဒီကလေးကို ဘာလို့ ဒီလောက် ယုံကြည်ချင်စိတ်တွေ ပြည့်ဝနေလဲ သူ့ကိုယ်သူလည်းမသိတော့..

✡  ကြင်ယာတော် BYUN  ✡Where stories live. Discover now