မိမိကို လေးဘက်ထောက်ခိုင်းနေသော အကောင်ငယ် ကြောင့် Chanyeol မျက်စံအမဲတို့ ပျောက်လုနီးပါး မျက်ဖြူလန်နေသည်။
ထိုကောင်လေးကြည့်ရတာလည်း စိတ်ကူးပြောင်းမည့်ပုံမပေါ်..
"မင်း!! မင်း...ငါက ဘယ်သူလဲမသိဘူးလား..
ရာရာစစ ကောင်းကင်နဲ့ထပ်တူကျပီး မြင့်မြတ်တဲ့ ငါ့ကို!""ကျွန်တော်လည်း မတတ်သာလို့ပါ.. အကယ်လို့ အဲ့တံတိုင်းပေါ် ကုတ်ဖဲ့တက်ရာက မတော်တဆ ကျွန်တော်မျိုး အသက်နဲ့ ကိုယ် အိုးစားကွဲခဲ့ရင်..အိုး!!"
လက်နှစ်ဖက်နားဖိကာ မျက်စိကလည်း မှိတ်ထားသေးတော်.. ကြောက်လန့်ပုံလုပ်ပြပြီး ငိုတော့မည့်ဟန်..
"ဟင့် ဘာပဲဖစ်ဖစ် တယောက်တည်းရအောင် တက်ပါတော့မယ်.."
baek hyun လက်အုပ်ချီပြီး ဆုတောင်းပုံပြုကာ..
"အကယ်၍ တက်နေရင်း တခုခုဖြစ်သွားခဲ့ရင်.. နန်းတော်က သူတွေ ကြားထဲ မင်းသားခိုးထွက်တာ မပေါ်ပါစေနဲ့..ကျွန်တော့်အသက်ကိုပဲ ရင်းပါတော့မယ်...ဟင့်"
ဒရာမာ စီးရီလိုက် ရိုက်နေသော ထို အပုအား chanyeol စိတ်မရှည်တော့..
"အာ..သိပြီ သိပြီ.. တော်ပါတော့"
Chanyeol ထိုခရီးက ပြန်ရောက်လျှင် ဒီ မလောက်လေးမလောက်စား ငကြောက် ဥာဏ်များ နန်းတွင်းသားကို မိန်းမစိုး အရာသွင်းပစ်မည်ဟု စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။
"တက် တက်!!"
chanyeol နောက်ကျောပေးကာ ထိုင်ချလိုက်ပြီး ပုခုံးကို ပုတ်ပြလိုက်သည်။
"ကျောကတော့ တမျိုးမို့လို့ ပုခုံးကိုပေါ်တက်..ပင့်တင်ပေးမယ်"
"စိတ်ရင်းပါလား..ဒါပေမဲ့ ဘယ်လိုလုပ်ရက်.."
.
"မြန်မြန်! အချိန်မရှိဘူး!"တက်ခိုင်းတာတောင် မူနေရင်း ဟိုဘက်ဒီဘက် လှည့်ရမ်းနေသော ထိုငပု..chanyeol တစက်လေးရဲ့ တစ်ဝက်တောင်မှ စိတ်မရှည်တော့..
သူ့ဆီသွားကာ ခါးကနေ ဆွေ့ခနဲ မ လိုက်သည်။ထိုအချိန်ခဏလေးရဲ့ပုံရိပ်က ချယ်ရီပန်းတွေ ကြွေနေသော လရောင်အောက်က ကားချပ်ကို တဖန် ရသ ဖြည့်သွင်းပေးလေသည်။
YOU ARE READING
✡ ကြင်ယာတော် BYUN ✡
Ficção Históricaဘိုးဘွားမိဘများရဲ့ ရှေးတည်းက ပြုလုပ်ထားခဲ့တဲ့ ကတိတစ်ခုကြောင့် ဖြစ်ပေါ်လာသော ဇာတ်လမ်းတစ်ပုဒ်~♥ အားပေးကြပါဦးနော်😍 Fic Cover By- Misaki CB💛 Fic Cover by- Asuna Park💞