🔯6🔯

2.2K 257 11
                                    

Chanyeol တစ်ယောက် သူ့လက်ကို ကိုင်ရန် လက်ဆန့်ကာ ပေးနေသောကြောင့် baekhyun ပြုံး၍သာ ကြည့်နေမိသည်။

သို့သော် ရုတ်တရက် မြင်ကွင်းထောင့်ထဲ ဝင်လာသည်က မိမိအကိုတော် Kyuhyun ပင်။

လူရှုပ်နေသော ဈေးတန်းအတွင်းဝယ် အကိုတော်တစ်ယောက် ရေးကြီးသုတ်ဖြာ အဘယ်ကို သွားနေသည်မသိ။
မဟုတ်မှလွဲ မိမိ ည က ဘိုဂျောင်နန်းဆောင်ထဲမှ ခိုးထွက်သည်ကို ခမည်းတော်သိသွားပြီထင်သည်။

ထိုစိတ်ကြောင့်ပင် အကိုတော်နောက်ပြေးလိုက်လာမိရာ လမ်းထောင့်တွင် ပျောက်ချင်းမလှ ပျောက်သွားသော အကိုတော်။
လမ်းထောင့်တွင် အဘယ်သို့ပျောက်သွားသည်မသိသော အကိုတော်ကြောင့် စိတ်ပမ်းလူပမ်းကာ လမ်းမမှာပင် ထိုင်ချမိသည်။

"မင်း ဘယ်သူလဲ!"

လည်ပင်းပေါ်သို့ ဓားရှည်တလက်ရောက်လာသောကြောင့် မော့ကြည့်မိတော့ မိမိအကိုတော် Kyuhyun....

"Hyung~"

"Hyunnie? Hyun ah!"

"Hyung..... အီးဟီး"

"ဘယ်ကိုရောက်နေခဲ့တာလဲကွာ.."

အိမ်ကို တစ်ခါမှ မဝေးဖူးသူမို့ မိသားစုကိုပြန်တွေ့ရချိန်တွင် ငိုယိုမိသော မိမိကို ရင်ခွင်ထဲ ပွေ့ကာ ချော့မြူနေသော Hyung

အချိန်နဲနဲကြာမှ အငိုတိတ်သော မိမိကို ရင်ခွင်ထဲက ပြန်ထုတ်ကာ..

"အငယ်လေး~ အကိုတော့်ကိုပြော.. ဘယ်ရောက်နေတာလဲ"

"ငယ်လေး မနေ့ညက အိမ်ရှေ့စံနဲ့ တူတူရှိနေခဲ့ပါတယ်"

"ဟမ်! မင်းတို့ ဘယ်လိုဖြစ်လို့လဲ"

"အာ..Hyung ထင်သလိုမဟုတ်ဘူး! မနေ့ညက အိမ်ရှေ့စံ တာဝန်တစ်ခု ထမ်းဆောင်ဖို့သွားတာ..အဲ့တာ ငယ်လေးက ပါသွားတာပါ"

"ဘာတာဝန်လဲ အငယ်လေး"

Baekhyun ခေါင်းကို ငုံ့လိုက်သည်။ ထို့နောက်

"အဲ့တာ လျှို့ဝှက်ချက်ပါ အကိုတော်.. အိမ်ရှေ့စံရဲ့ လျှို့ဝှက်တာဝန်ဆိုတော့ ပြောပြလို့ရမှာမဟုတ်ဘူး"

မိမိ မပြောပြချင်ပုံရတာကို ရိပ်မိသော အကိုတော်က ပုခုံးအစုံကို ဆုပ်ကိုင်လိုက်ကာ...

✡  ကြင်ယာတော် BYUN  ✡Where stories live. Discover now