ဖောက်!!
ထိုအသံနှင့်အတူ မြှားပစ်ဘုတ်၏ အလည်အူတိုင်သို့ ရောက်ရှိလာသော မြှားတံတစ်ခု
"ပစ်မှတ်ထိမှန်ကြောင်းပါ"
အောင်မြင်ခြင်းသင်္ကေတအဖြစ် အလံလွှင့်တော့ နှစ်နှစ်ဖွယ်ဖွယ်ပြုံးမိသူက မြှားပစ်နေသော အိမ်ရှေ့စံ chanyeol ပင်။
ဘေးတွင်လဲ သူ၏ ညီတော် Lee Hong နှင့် တခြား နန်းတွင်းသား/သူများ ရှိသည်။
"အကိုတော်ဆိုတာ တကယ် အံ့မခန်းပါပဲဗျာ"
နောက်တချောင်းပစ်ရန် အာရုံစိုက်နေစဉ် ဘေးမှပြောလာသော ည်ီတော် lee hong ကြောင့် ကြည့်မိသည်။
"ကျွန်တော်ကတော့ လေးခွတောင် မနဲကျင့်ယူရတာ မြှားပစ်ခြင်းဆိုရင်တော့ အကိုတော့် ခြေဖျား တောင်မှီမယ်မထင်.."
Lee hong ကပင်ဆက်၍
"ဘယ်လိုဖြစ်လို့ တနေ့ တနေ့ ပိုတော်လာမှန်းကိုမသိတော့ဘူးဗျာ.. အခုပိုပြီး ထူးဆန်းတာက ကျွန်တော့် အကိုတော် မကြာမီ လက်ထပ်ရတော့မှာပါတဲ့ဗျာ"
Chanyeol ဘာစကားမှပြန်မပြောမိပဲ အဝေးကိုသာ ကြည့်နေမိသည်။
"ဒီလို ပြီးပြည့်စုံတဲ့ အကိုတော်ရဲ့ ကြင်ယာတော်
ကလဲ အကိုတော့်ကိုမြင်တာနဲ့ စုံမက်သွားမှာအသေချာပါပဲ..နှစ်ယောက်ရဲ့ ကံကြမ္မာက...
...""Hong ah"
Lee hong စကားကို ဖြတ်ပြောလိုက်သော အိမ်ရှေ့စံပင်..
"မြှားပစ်ဖို့ လာတာ မဟုတ်ပေဘူးလား.. အဲ့စကားပြောတာတွေ တော်ကြစို့"
အဝေးကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောလာသော အကိုတော် မျက်နှာကြောင့် ဟိုသရဲလို အမျိုးသားလေးကို သတိရနေတယ်ဆိုတာ lee hong သိလိုက်ပါပြီ..
"အခု နန်းတော်တွင်းကို အရွေးခံမဲ့ ကြင်ယာတော်တွေ ရောက်နေကြပါပြီ အကိုတော်.. အဲ့ထဲမှာ အကိုတော်ရဲ့ တချိန် ကြင်ယာတော်ဖြစ်မဲ့သူလဲ ပါနေမှာပါ"
မြှားတို့ တည်ရှိရာ မြှားအိုးဆီသို့ လှမ်းနေသော chanyeol တို့ လက်များ ရပ်တန့်သွားသည်။
"အဲ့တာက အမှန်တရားဖြစ်ပြီး အကိုတော့်အပေါ်မှာ တိုင်းပြည် အနာဂတ်က မူတည်နေတာမို့ ဒီလောက်နဲ့ပဲ စိတ်ကိုစုစည်းပြီး အရှေ့ကိုမြင်အောင် ကြည့်ပေးပါ။"
YOU ARE READING
✡ ကြင်ယာတော် BYUN ✡
Ficción históricaဘိုးဘွားမိဘများရဲ့ ရှေးတည်းက ပြုလုပ်ထားခဲ့တဲ့ ကတိတစ်ခုကြောင့် ဖြစ်ပေါ်လာသော ဇာတ်လမ်းတစ်ပုဒ်~♥ အားပေးကြပါဦးနော်😍 Fic Cover By- Misaki CB💛 Fic Cover by- Asuna Park💞