"ကောင်းပြီ အဲ့တာဆို ခုပဲသွားကြစို့"
Baekhyun လက်ကို ဆွဲကာ မတ်တပ်ထရပ်လိုက်သော မင်းသားငယ်ကို ကြည့်ပြီး
"Nae? ဘယ်ကို..ဘယ်ကို"
"အိမ်ရှေ့စံမင်းသားကို တွေ့ဖို့ပြင်ဆင်ရမှာပေါ့"
ပြေးထွက်သွားသော မင်းသားငယ်နှင့် သူနှင့် ရွယ်တူ သဏ္ဌာန်ရှိသော ကောင်လေး တို့ နှစ်ယောက်ကတော့ ဘိုဂျောင်နန်းဆောင်ခန်းမထဲမှ ရုတ်တရက် ပြေးထွက်သွားသည်။ အထိန်းတော်များလည်း ရုပ်ချည်း အသင့်အနေထားများမှ မပြေးရုံတမယ် တပ်ကြပ်မခွာလိုက်ပါသွားရပါတော့သည်။
@@@@ ကြင်ယာတော် Byun @@@@
ကျွီခနဲ စက္ကူ ချပ်တံခါး၏ ပွင့်သံနှင့် အတူ အတွင်းမှ ထွက်ပေါ်လာသော ခြေတစ်စုံ..
"kyung soo..."
မင်းသားငယ်ရဲ့ နာမည်ကို ခေါ်နေသော Baekhyun တစ်ယောက် နန်းတွင်းသား ဝတ်စုံနှင့်တောင် ချောမောလွန်းနေသည်ကို တွေ့ရသည်။
နဖူးစည်းအနီကို သေသပ်စွာ စည်းထားပြီး သျှောင်ဆံထုံးကို ပိပိရိရိ ထုံးထားသည်မှာ မျက်နှာလေးတစ်ခုလုံး ရှင်းလင်းနေပြီး အလှပိုပေါ်နေသည်ဆိုရလောက်သည်။
နန်းတွင်းသားဝတ်စုံဖြစ်သည့် စိမ်းပြာအရင့်ရောင်ကို အနီရောင် ဖဲပိုးဖြင့် အနားကွပ်ထားသည်မှာလည်း နန်းတွင်းသားထဲတွင် အချောဆုံး နန်းတွင်းသားပုံစံ ဖြစ်နေပြီ..
"လုံးဝ ပြည့်စုံပြီ.. မြန်မြန် အစ်ကိုတော်ကို တွေ့ဖို့သွားကြစို့..မှောင်လာတော့မယ်"
"သို့သော်ငြား ဒီတိုင်း တကယ်လုပ်လို့ဖြစ်ပါ့မလားဆိုတာ...."
Baekhyun ကြောက်ကြောက်နှင့်ပြန်ဖြေသည်မှာ ဝတ်ဆင်ထားသော ရဲရင့်ဟန် နန်းတွင်းသားဝတ်စုံနှင့် မလိုက်ဖက်..
"ရတယ်..ရပါတယ်.. ငါ့ကိုသာ အပ်လိုက်"
နောက်မှ အတင်းတွန်းနေသော မင်းသားငယ်ကြောင့်လည်း အော်ငိုချင်နေပြီ.. ဒီလို နန်းတွင်းထဲ စစရောက်ချင်းထဲက ပြဿ နာ ရှာကို ရှာရမာလား လို့...
ဒါပေမဲ့လည်း Baekhyun တယောက် ဘယ်လိုပဲ စဉ်းစားစဉ်းစား အလကား ဒုက္ခရောက်မဲ့ အလုပ်ကိုပဲ လုပ်နေတယ်လို့ ထင်နေရင်းပင် နန်းတွင်းသားတွေ စီတန်းကာ အိမ်ရှေ့စံအိမ်တော်ကို ချီတက်နေသည့်အထဲ ရောယောင်ကာ ရောက်နေလေပြီ..
YOU ARE READING
✡ ကြင်ယာတော် BYUN ✡
Ficção Históricaဘိုးဘွားမိဘများရဲ့ ရှေးတည်းက ပြုလုပ်ထားခဲ့တဲ့ ကတိတစ်ခုကြောင့် ဖြစ်ပေါ်လာသော ဇာတ်လမ်းတစ်ပုဒ်~♥ အားပေးကြပါဦးနော်😍 Fic Cover By- Misaki CB💛 Fic Cover by- Asuna Park💞