🔯8🔯

2K 227 11
                                    

အကျဉ်းနန်းဆောင်၏ အခန်းတခုထဲတွင် သွေးချင်းနီနီများ ပါးစပ်မှ ကျကာ သေဆုံးနေသော အပြစ်သားတချို့

"အဆိပ်မိတာပါ။ အရှင့်သား"

ကိုယ်ရံတော်ပြောလာသော စကားကြောင့် chanyeol အလောင်းများကို သက်ပြင်းတချက်မှုတ်ကာ ကြည့်လိုက်သည်။

"ဘာအဆိပ်မျိုးလဲ"

"အဲ့တာ.... ကျနော်တို့ ဂိုလျောကနေ ရရှိနိုင်တဲ့ အဆိပ်မဟုတ်ပါဘူး တိုင်းတပါးကလာတာပဲဖြစ်နိုင်ပါတယ် အရှင့်သား"

"မင်းပြောချင်တာက တိုင်းတပါးဆိုတော့ ဟိုပန်းချီခိုးရောင်းတဲ့ကောင်တွေနဲ့ ဆက်စပ်မှုရှိနေတယ်ပေါ့..ဟက်..ဒါ့အပြင် ငါဖမ်းလာပြီး ထိန်းသိမ်း ထားတာတောင် အဆိပ်လာခက်သွားတာပဲ"

Chanyeol လက်သီးတို့ကို ကျစ်ကျစ်ပါအောင် စုပ်မိသည်။

ဒီလိုကိစ္စရပ်တွေ ဖြစ်လာမှာကို chanyeol တယောက် ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။ နောက်ကွယ်က ထိန်းချုပ်သူဘယ်သူလဲဆိုတာ မသိသေးသော်လည်း သူတို့ရဲ့ ရည်ရွယ်ချက်သည် တခုတည်းသာ..

#ဒီနိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်တဲ့ ကိုယ်တော့်ရဲ့ အသက်#

"သေချာပေါက် ကိုယ်တော့်ကို စိန်ခေါ်လိုက်တာပဲပေါ့.. ပန်းချီတွေခိုးထုတ်တယ်..အရှင်မင်းကြီးသိသွားရင် ကိုယ်တော့်ကို လွှဲချကြမယ်။ ဟော် အခု ကိုယ်တော်က ဒီကိစ္စကိုဖော်ထုတ်တော့ သက်သေတွေကို အစဖျောက်တယ် "

Chanyeol အကျဉ်းဆောင်အပြင်ဘက်ကို ပြန်ထွက်လာခဲ့သည်။

"အရင်ဆုံး ဒီကိစ္စကို ရှင်းလိုက်ပါတော့။ သတင်းတွေအပြင်ကို စိမ့်ထွက်ရင် အလကားသက်သက် အတိုက်ခိုက်ပိုများမယ်"

"အမိန့်တော်တိုင်းပါ အရှင့်သား"

Chanyeol လေတဖြူးဖြူးတိုက်သော နန်းဆောင်တွေရဲ့ ကျောက်လမ်းမတိုင်း စိတ်ကို အလွတ်ပေးကာ လျှောက်လာခဲ့သည်။ အတွေးတို့ကို အတတ်နိုင်ဆုံး လျှော့ချရင်း ကောင်းကင်ကို ကြည့်မိတော့ ဝိုင်းစက်အေးချမ်းသော လမင်းသာသာ..

"ဘယ်ချိန်ထိ ဒီလိုကိစ္စတွေ ဖြစ်နေဦးမှာလဲ? ဒီ အိမ်ရှေ့စံဆိုတဲ့နေရာက ဘာမို့လို့....ငါ့စိတ်ကော လူကောကို လေးပင်စေတာလဲ"

✡  ကြင်ယာတော် BYUN  ✡Where stories live. Discover now