Eight!

1.8K 123 44
                                    

>>Zawgyi<<

သာယာသောနေ့တစ်နေ့...

မှန်ကြည်များဖြင့် ကာရံထားသာ အခန်းတစ်ခုအတွင်းရှိ
နှစ်ယောက်အိပ် King size bedကြီးပေါ်တွင်
စောင်ပုံကြီးကြား၌ လှဲလျောင်းကာအိပ်စက်လျက်ရှိသော
ကောင်လေးနှစ်ယောက်...

အတိအကျဆိုရပါလျှင်...

သမင်မျက်လုံးလေးများသဖွယ် ကြည်လင်လှပပြီး
ကြယ်လေးများကဲ့သို့ တလက်လက်တောက်ပနေသော
မျက်ဝန်းလေးများကိုမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါသော
ချစ်စဖွယ်ကောင်လေးတစ်ယောက်နှင့်...

ထိုချစ်စဖွယ်ကောင်လေးအား ရင်ခွင်တွင်း ထွေးပိုက်ကာ
ချစ်မြတ်နိုးမဝစွာကြည့်ရင်း ပြုံးနေပါသော...

ရယ်လိုက်လျှင် လခြမ်းသဖွယ်
မျက်ဝန်းကွေးကွေးလေးများ ပိုင်ဆိုင်ထားပါသည့်
ချောမောခန့်ညားလွန်းသော ကောင်လေး...

ထိုကောင်လေးကြည့်နေစဉ်မှာပင်
အိပ်ပျော်နေသည့်ကောင်လေးက လူးလွန့်ကာ နိုးလာပြီး
ခြေကားယား လက်ကားယားလေးဖြင့် အညောင်းဆန့်ကာ..

နံဘေး၌လှဲလျောင်းနေပါသည့် ကောင်လေး၏ရင်ခွင်တွင်းသို့
ပိုမိုနွေးထွေးစေရန် ဇွတ်အတင်းတိုးဝင်ရင်း
ဇိမ်ခံနေပါသေးသည်...

ရင်ခွင်တွင်းဇွတ်အတွင်းတိုးဝင်ကာ
ဇိမ်ခံနေပါသောကောင်လေးအားကြည့်ရင်း
သဘောတကျ ရယ်လိုက်မိသည်...

ထို့နောက် နဖူးလေးအား မြတ်မြတ်နိုးနိုးနမ်းလိုက်ပြီး ပါးပြင်အိအိလေးပေါ်သို့ နှာခေါင်းတစ်ခုလုံးနစ်ဝင်သွားအောင် နမ်းလိုက်သည်...

အနမ်းခံရသော ကောင်လေးမှာတော့ အရှက်ပိုကာ ပါးပြင်လေးများ နီရဲလျက် ရင်ခွင်အတွင်း ဝင်ရောက်နေသည့်ကြားက မျက်နှာမပေါ်အောင် မရမက ဇွတ်အတင်း ထပ်မံတိုးဝင်လျက်...

ရင်ခွင်အတွင်း ဇွတ်အတင်း တိုးဝင်လျက်ရှိသော အရှက်ကြီးသည့် သမင်ပေါက်လေးအား အသက်ရှူကြပ်ပြီးမွန်းနေမှာစိုးရိမ်သောကြောင့် မျက်နှာလေးအား ရင်ခွင်အတွင်းမှ ညင်သာစွာ ထုတ်လိုက်ပြီး အသည်းတယားယားဖြင့် နှာခေါင်းလုံးလုံးလေးအား မနာအောင် ခပ်ဖွဖွ နှုတ်ခမ်းလေးဖြင့် ဖိကပ်နမ်းရှိုက်မိလိုက်သည်...

Jealous On Baby ( Hiatus )Where stories live. Discover now