Thirteen!

1.2K 94 3
                                    

>>Zawgyi<<

ရှောင်လု Hawaiiကိုသွားချင်သည်ဟု ပူဆာထားသောကြောင့် ပါပါးက အလုပ်များကို Secretary Hyungနဲ့ လွှဲထားခဲ့ပြီး ရှောင်လုတို့မိသားစုအပြင် ချစ်လှစွာသော သူငယ်ဂျင်းနှစ်ကောင်ကိုပါခေါ်ကာ လိုက်ပို့ပေးလေသည်...

Hawaiiကိုရောက်တော့ နေ့လည်ပင်ဖြစ်နေပြီ...

(ကိုယ်လည်းမရောက်ဖူးပဲနဲ့ လျှောက်ရေး...><)

ရောက်ရောက်ချင်းပင် Bookingကြိုလုပ်ထားသော ဟိုတယ်ကို သွားကြသည်...

Receptionကို ရောက်တော့ Sea View Roomနှစ်ခန်း Bookingလုပ်ထားပြီးပြီဖြစ်ကြောင်း ပြောလိုက်ပြီးနောက် ဝန်ထမ်းအကိုနှစ်ယောက်က အခန်းကိုလိုက်ပို့ပေးသည်..

ပါပါးနှင့် မာမားက နှစ်ယောက်အိပ်တစ်ခန်း...

ရှောင်လုတို့သုံးယောက်က Extra Bedထည့်ခိုင်းကာ..
ရှောင်လုက ခုတင်တစ်လုံး...စောင်Rsနှစ်ကောင်က ခုတင်တစ်လုံးဖြင့် သုံးယောက် တစ်ခန်း...

၂နာရီ ၃နာရီခန့် အနားယူပြီးနောက် သူငယ်ချင်းသုံးယောက်သား ရေမိုးချိုးကာ ကမ်းခြေကို လမ်းလျှောက်ထွက်ခဲ့ကြသည်...

ကျန်တဲ့နေရာများကိုတော့ နောက်တစ်နေ့မှသာ ပါပါးတို့နှင့်အတူ လျှောက်လည်တော့မည်...

ကမ်းခြေတွင် လမ်းလျှောက်နေတုန်း ပါပါးက ညစာစားရန် ဖုန်းဆက်ခေါ်သဖြင့် ဟိုတယ်ကိုပြန်ခဲ့ကြသည်..

ပါပါးဝယ်ကျွေးသော ညစာကို စားသောက်ပြီးနောက် Taorisကတော့ Night Datingဟုဆိုကာ သွားကြလေပြီ...

ရှောင်လုကို လိုက်ဖို့ခေါ်သော်လည်း အလိုက်သိသော ရှောင်လုလေးက ငြင်းလိုက်ကာ အခန်းသို့ပြန်ခဲ့သည်...

ရှောင်လုDatingလုပ်လျှင် ဝဋ်ပြန်လည်မှာစိုးသည်မလား..
ထို့ကြောင့် Rsနှစ်ကောင်ကြား ဝင်မရှုတ်ဖြစ်တော့...

(**ဘာမှ လာမပြောနဲ့..ရှောင်လုက ဘေဘီနဲ့Dateလုပ်မှာ**)

အခန်းတွင်း၌ တစ်ယောက်တည်းလိုင်းသုံးရင်း ပျင်းလာသဖြင့် ဘေးခန်း၌ရှိသော ပါပါးတို့ဆီသို့ ထွက်လာခဲ့သည်...

အခန်းတံခါးခေါက်ရန်ပြင်နေဆဲ၌ ထွက်လာသော အသံများကြောင့် ရှောင်လု ကြောင်သွားကာ ရပ်နားထောင်နေမိသည်...

Jealous On Baby ( Hiatus )Where stories live. Discover now