Twenty Four!

814 80 6
                                    

>>Zawgyi<<

ဒီနေ့ ရှောင်လုတို့ သူငယ်ချင်းတွေ basketballသွားကစားကြဖို့ ချိန်းထားကြတယ်...

ရှောင်လုအိမ်မှာဆုံကြမှာဖြစ်ပြီး လူစုံမှ တူတူသွားကြမှာမို့ ရောက်တဲ့သူတွေကရောက်ပြီး မာမားလုပ်ကျွေးတဲ့မုန့်တွေနဲ့ ဧည့်ခန်းထဲမှာသာယာနေကြပြီ...

အဆိုးဆုံးက ဓာတ်တိုင်နှစ်တိုင်ပဲ...

သူတို့နှစ်ယောက်အသံကို အပေါ်ထပ်က ရှောင်လုရဲ့အခန်းထဲကနေတောင် အတိုင်းသား ကြားရတယ်..

ဘာတဲ့...

မာမားက အရမ်းနုပြီး ပိုချောလာတယ်နော်... တဲ့

သူတို့ပြောမှလား...

ကိုယ့်မာမားချောတာ ကိုယ်သိသားပဲ..

မာမားက အသက်၄၀ကျော်လို့မထင်ရအောင် အရမ်းနုပြီး ခုခေတ်မိန်းကလေးတွေလှတယ်ဆိုတာ သနားတယ်လို့တောင်ပြောလိုက်ချင်သေးတယ်...

အလကား... စားကောင်းအောင်လို့ ကပ်ချွဲပြီး မြှောက်ပြောနေကြတာ...

ရှောင်လုလဲ အပေါ်ထပ်မှာကတည်းက သူတို့ကို မျက်စောင်းထိုးလာတာ အောက်ကိုရောက်တဲ့ထိပဲ...

လူစုံတာနဲ့ basketball ကစားကွင်းကို ထွက်လာခဲ့ကြတယ်...

အိမ်ထဲက ကားအထွက်...

အိမ်ရှေ့မှာတွေ့လိုက်ရတာက မိတ်ကပ်တွေပြာနှမ်းနေအောင် လိမ်းထားပြီး စိတ်ပျက်စရာကောင်းလှတဲ့ ကျက်သရေမရှိတဲ့ မျက်နှာတစ်ခု...

Tsk..ဒီကျက်သတုံးမ ဘယ်ကနေ ရောက်လာပြန်တာလဲ...

ကွေ့ရမဲ့ဘက်မှာ ဒင်းက ရပ်နေတာမလို့ ကားခဏရပ်ကာ စောင့်နေလိုက်သည်...

မောင်းသွားလိုက်လို့ရပေမဲ့.. မတော်လို့ ထိမိရင်.. ရှောင်လုနားကိုကပ်ဖို့ အကြောင်းပြချက်အကြီးကြီးရကာ တောက်တဲ့ကပ်သလို အကပ်ခံနေရမှာစိုးလို့...

"ရှောင်လုကောကော ဘယ်သွားမလို့လဲ... ထုံလေးလဲလိုက်မယ်လေ"

ငါ့ဘာငါ ဘယ်သွားသွား နင့်အပူပါလို့လား တရုတ်သရဲမရဲ့..

"Basketball သွားကစားမလို့.. နင်ကရော ငါ့အိမ်ကို ဘာလာလုပ်တာလဲ"

"ထုံလေးက ကောကောဆီကိုလာတာ... ထုံလေးပါလိုက်မယ်လေ... ခေါ်သွားလေနော် ကောကော... နော်"

Jealous On Baby ( Hiatus )Where stories live. Discover now