Fiften! (12♥20 Special)

1.3K 104 6
                                    

>>Zawgyi<<

20ရက်နေ့ Companyနှစ်ပတ်လည်ပွဲအတွက် ရှောင်လုတစ်ယောက် သူငယ်ချင်း၁၁ယောက်နှင့်အတူ Dance Practiceကို သေချာလုပ်နေရသည်...

ရှောင်လုတို့က သူငယ်ချင်း၁၂ယောက်စုပြီး Cover Danceအဖွဲ့လေး ဖွဲ့ထားကာ အတော်အတန်အောင်မြင်နေပြီဖြစ်သည်...

ကျောင်းတက်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့အပြင် အကဝါသနာပါတာချင်းလဲတူကြတာမို့ ကျောင်းပြီးထဲက Dance Class တွေတက်ကြပြီး Cover Dance Group ဖွဲ့ဖြစ်ကြတာဖြစ်သည်...

မိဘတွေချင်းလဲ ရင်းနှီးကြတာမို့ အကုန်လုံးက မိသားစုတွေလိုဖြစ်နေကြကာ... အခု Companyနှစ်ပတ်လည်ပွဲမှာ ကပေးဖို့ ပါပါးကိုယ်တိုင် တောင်းဆိုထားတာမို့ လေ့ကျင့်နေရခြင်း...

Companyနှစ်ပတ်လည်ပွဲဖြစ်တဲ့အပြင် အခြားစီးပွားရေးလုပ်ငန်းရှင်များနှင့် အနုပညာရှင်များကိုပါ ဖိတ်ကြားထားတာမို့ ကြီးကြီးကျယ်ကျယ် လုပ်မည်ဟု ကြားသည်..

(အနုပညာရှင်တွေကို ပြန်လည်ဖျော်ဖြေရမည့် ရှောင်လုလေးတို့ပါလေ... -.-)

ပါပါးက Cover Danceအပြင် သီချင်းပါဆိုစေချင်သည်ဟု ပြောထားသဖြင့် အကရော သီချင်းပါ မနားတမ်းလေ့ကျင့်ရင်းကပင် မမောနိုင်မပန်းနိုင်ဖြင့် ပျော်နေကြပါသည့် ရှောင်လုနှင့်အပေါင်းအပါများ...

အကြောင်းမူကားး...

ပါပါးက ပွဲပြီးတာနှင့် ဂျပန်ကိုလိုက်ပို့ပေးမည်ဆို၍ တက်ကြွလွန်းနေခြင်းပေ...

ကျန်တဲ့၈ယောက်က သီချင်းမဆိုချင်...
Background Dancerသာလုပ်ပေးကြမည်ဆို၍
Cover Danceကိုပြန်ကျင့်နေရသည့်ကြားမှ ရှောင်လု Taoနှင့် Krisတို့ သုံးယောက်သား သီချင်းကျင့်လိုက် ကကွက်ကျင့်လိုက်ဖြင့် တိုင်ပတ်နေပါတော့သည်....

ရှောင်လုတို့သာပင်ပန်းသည်မဟုတ်...
သူတို့လဲ သီချင်းမဆိုရသည်သာရှိပြီး ကျန်တာကတော့ ရှောင်လုတို့နှင့်အတူကျင့်ရသည်မို့ ပင်ပန်းနေကြသည်...

EXO's>> KoKoBop, The Eve, Tempo,
Wolf, Growl

Xing's >> NAMANANA, Sheep

Jealous On Baby ( Hiatus )Where stories live. Discover now