Seventeen! ( Pre New Year Special)

1.1K 95 39
                                    

>>Zawgyi<<

ရှောင်လုတစ်ယောက် ငိုလို့ဝတော့မှသတိပြန်ဝင်လာသည်...

** O.O **

သင်းပျံ့သော ကိုယ်သင်းရနံ့နှင့် ကျယ်ပြန့်နွေးထွေးသော ရင်ခွင်ကျယ်ကြီးကြောင့်...

မော့ကြည့်မိလိုက်တော့ အရင်ဆုံးမြင်တွေ့လိုက်ရတာက ဖြူဖွေးသောလည်တိုင်ထက်က မှည့်နက်လေးတစ်လုံး...

မျက်လုံးအကြည့်ကို ဆက်ရွှေ့လိုက်တော့ မြင်ကွင်းထဲ ထပ်မံရောက်ရှိလာတာက ထင်ရှားသော Jawline...

ပြီးတော့ နီရဲသော နှုတ်ခမ်းသေးသေးဖူးဖူးလေး...

ကြည့်ရတာ ပြုံးနေဟန်တူသည်...

မြင်လိုက်ရတာက ဖြူဖွေးသောသွားလေးများနှင့် သွားစွယ်ချွန်ချွန်လေးတွေ...

** Huh? ဒီလိုပုံစံမျိုး မြင်ဖူးသလိုပဲ.. **

ပြုံးနေတာကြောင့် မျက်လုံးလေးများပျောက်သည်ထိ ကွေးနေသော လခြမ်းသဏ္ဌာန် မျက်ဝန်းလေးများ...

ထို မျက်ဝန်းထက်မှ မျက်တောင်ခပ်စိတ်စိတ်လေးတွေ...

မျက်ခုံးထူထူနက်နက်နှင့် နဖူးခပ်ကျဉ်းကျဉ်း...

သေချာမော့ကြည့်လိုက်သည့်အခါ တွေ့လိုက်ရသည်က...

** ဘေဘီ! O.O **

ရုတ်တရက်..လန့်ကာ ရင်ခွင်ထဲမှ နောက်ဆုတ်လိုက်တော့ နောက်ပြန်လဲကျမလိုဖြစ်သွားတာမို့ ဆယ်ဟွန်းက လှမ်းဆွဲလိုက်သည်...

*ဘယ်လိုဖြစ်ရတာလဲ ကလေးရယ်...လဲသွားရင် ဘယ်လိုလုပ်မလဲ...ဟမ်? *

ရှောင်လုက အမှတ်တမဲ့မို့ဖြစ်သွားတာကို ဆူနေတာ...><

မီဝေါ့စရာ ဘေဘီ... ~_~

ရှောင်လုလေး ငိုချင်နေပါပြီ...T_T

ရှောင်လု ငိုချင်သွားတာမို့ငြိမ်နေတုန်း အနားသို့ရောက်လာသော အနှောင့်အယှက်များ...

"ဟိတ်ကောင် ရှောင်လု...ဒီညအတွက် မင်းဘေဘီရဲ့ ရင်ခွင်ထဲကထွက်ဖို့ အစီအစဉ်ရှိသေးလား..ဟမ်? "

သူငယ်ချင်းပီပီ ဒေါက်ဖြုတ်ကာနှိပ်ကွပ်လိုက်သူက နှစ်ယောက်မရှိသည့် တရုတ်ပန်ဒါ အမောင် Tao...

Jealous On Baby ( Hiatus )Where stories live. Discover now