>>Zawgyi<<
နှင်းများဖွေးနေအောင်ကျဆင်းလျက်ရှိသော နံနက်ခင်းတစ်ခု...
Heaterဖွင့်ထားသော အခန်းကျယ်ကြီးတစ်ခုအတွင်းရှိ King size bedကြီးပေါ်တွင် စောင်ထူထူကြီး၏အောက်၌ ဆံပင်လေးများသာမြင်ရသည်ထိ တစ်ကိုယ်လုံးမြှုပ်နေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါသော လူသားတစ်ဦး...
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ တဖြည်းဖြည်း လူးလွန့်လာပြီးနောက် အားယူကာဖွင့်လိုက်သော မျက်လုံးလှလှ ကြည်ကြည်တောက်တောက်လေးများ...
ထို့နောက် အိပ်ရာမှမထသေးပဲ အညောင်းဆန့်ကာ ဇိမ်ယူနေပြန်သည်...
ပက်လက်ကလေးအညောင်းဆန့်နေရာမှ ညာဘက်သို့စောင်းအိပ်လိုက်ရင်း အိပ်ရာနံဘေးရှိ စားပွဲလေးပေါ်၌ရှိနေသော ပြက္ခဒိန်လေးဆီသို့ အကြည့်ရောက်သွားသည်...
ပြက္ခဒိန်၌တွေ့လိုက်ရသည်က စာလုံးအနီဖြင့်ရေးထားသည့်
25th December 2018...တနည်းအားဖြင့်...
Christmas Day...
<><><><><><><>
ရှောင်လု အိပ်ပျော်နေရာမှ လူးလွန့်ရင်း နိုးလာခဲ့သည်...
မျက်လုံးကိုအားယူကာဖွင့်လိုက်ပြီး အညောင်းဆန့်ကာ ပက်လက်အနေအထားမှ ညာဘက်သို့စောင်းလိုက်ရင်း ပြက္ခဒိန်ကိုလှမ်းကြည့်လိုက်သည်...
25th December 2018
ဒီနေ့ ခရစ်စမတ်နေ့ပဲ...
ပြက္ခဒိန်ကိုကြည့်နေရာမှ အကြည့်ကိုနေရာရွှေ့လိုက်တော့ အိပ်ရာနံဘေး ညာဘက်၌ နံရံအပြည့် နေရာယူထားပါသော ဘေဘီ့ပုံ နံရံကပ်ပိုစတာ အကြီးကြီး...
ထိုပုံလေးက ရှောင်လုကိုယ်တိုင် ရိုက်ယူထားတာဖြစ်ပြီး ရှောင်လုစိတ်တိုင်းကျ ဒီဇိုင်းဆွဲကာ နံရံအပြည့်ကပ်ရန်အတွက်ကိုတော့ Home Decoration Companyဖွင့်ထားသော ရှောင်လုအစ်ကိုတစ်ဝမ်းကွဲကို ချွဲလိုက်သောကြောင့် သေချာပြင်ဆင်၍ အလှဆင်ပေးထားခြင်းပင်...
မတတ်နိုင်ဘူး...လိုချင်တာရှိတော့ Samnamja Imageအပျက်ခံပြီး ချွဲရတာပေါ့...
YOU ARE READING
Jealous On Baby ( Hiatus )
Romanceဟွင့်..မီဝေါ့ချင်စရာ ဘေဘီကြီး >< Both Zawgyi & Unicode