Nine!

1.4K 101 10
                                    

>>Zawgyi<<

သာယာလှပသော မနက်ခင်းလေးတစ်ခု..

ဆောင်းဦးရောက်ပြီဖြစ်သောကြောင့် အနည်းငယ်ရစ်သိုင်းနေသော မြူခိုးများဖြင့် ပြည့်နှက်လျက်...

မနက်အစောမို့ အေးစိမ့်စိမ့်ဖြစ်နေသောကြောင့် စောင်ပုံထဲတွင် ကွေးကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါသော ချစ်စဖွယ်ကောင်လေး...

မနက်အစောမို့ အေးစိမ့်စိမ့်ဖြစ်နေသောကြောင့် စောင်ပုံထဲတွင် ကွေးကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါသော ချစ်စဖွယ်ကောင်လေး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုကောင်လေးအိပ်နေသောအခန်းတွင်းသို့ ဝင်လာသော လူတစ်ဦး...

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါသောကောင်လေးအား ပြုံးလျက်ကြည့်လိုက်ကာ...

~Aigoo..မာမား ကလေးလေးက မနိုးသေးဘူးလား..ဟင်..~

~ထတော့လေ သားသားရဲ့..၇နာရီခွဲနေပြီ...~

ရှောင်လုမာမားမှာ ရှောင်လုကိုနှိုးရင်း အိပ်ရာဘေးရှိရီမုတ်လေးဖြင့် လိုက်ကာတွေကိုဖွင့်လိုက်သည်..

ထို့နောက် အသည်းတုံးလေးနိုးလာလျှင်အဆင်သင့်ဖြစ်စေရန် ရေချိုးခန်းထဲဝင်၍ သွားတိုက်တံတွင် သွားတိုက်ဆေး အဆင်သင့်ထည့်ထားလိုက်ပြီး ရာသီဥတုကအေးစိမ့်စိမ့်လေးဖြစ်နေသောကြောင့် ရေပူရေအေးရောကာ နွေးနွေးလေးဖြစ်အောင် သေချာလုပ်ပေးနေသည်...

အကုန်ပြင်ဆင်ပေးပြီး ရေချိုးခန်းထဲမှထွက်ကာ ရှောင်လုအိပ်နေသော ခုတင်စွန်းတွင်ဝင်ထိုင်ရင်း ချစ်မြတ်နိုးမဝသောမျက်ဝန်းလေးများဖြင့် ကြည့်ကာ ပြုံးလိုက်လျက်...

~ကဲ..သားသား..ထမှာလား...မထဘူးလားပြော..
မာမား စိတ်ဆိုးချင်လာပြီနော်..~

~မာမားကလေးလေးရေ ထပါတော့ဆိုကွယ်..
သားသားပါပါးက သားသားလိုတာလိုက်ဝယ်ပေးမို့တဲ့..
ထတော့နော်..တော်ကြာ ပါပါးက လိုက်မဝယ်ပေးတော့ဘူးဆိုမှ သားသားမုန့်ဖိုးတွေကုန်နေလိမ့်မယ်~

Jealous On Baby ( Hiatus )Where stories live. Discover now