Twenty Seven! (I'm Yours)

1K 86 6
                                    

>> Zawgyi <<

ချစ်ရသူရဲ့မွေးနေ့မှာ အတူတူကုန်ဆုံးရတာ ဘယ်လောက်ကြည်နူးစရာကောင်းလဲဆိုတာ ခများတို့သိလား...

ကျနော်ကတော့ ချစ်ရတဲ့ ချစ်သူIdolကြီးရဲ့မွေးနေ့မှာ အတူတူကုန်ဆုံးခွင့်ရခဲ့ရလို့ အရမ်းကြည်နူးတာပဲ...

Hunရဲ့မွေးနေ့မှာ အတူလျှောက်လည် ကစားကြ စားသောက်ကြရင်း တစ်နေ့တာကုန်ဆုံးပြီးချိန်မှာတော့ ကျနော့်ကို အိမ်ပြန်လိုက်ပို့ပေးရင်း တစ်လမ်းလုံး လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်လာခဲ့တယ်...

လက်တစ်ဖက်တည်းနဲ့ကားမောင်းတာ အန္တရာယ်များတာမို့ လက်လွှတ်ဖို့ပြောပေမဲ့ လုံးဝလွှတ်မပေး...

လက်ကို ဆုပ်ကိုင်ထားရင်း နှုတ်ခမ်းနဲ့ဖိကပ်နမ်းလိုက် ပါးမှာကပ်ထားလိုက်... တစ်ခါတစ်ခါ သူ့လက်နဲ့တင်းကြပ်စွာ ဖိဆုပ်ထားလိုက်နှင့် အိမ်ရှေ့ရောက်လာခဲ့သည်...

အိမ်ရှေ့ရောက်တော့ လက်ကိုမလွှတ်ပေးသေးပဲ သူ့ဘက်ကိုလှည့်ပြီး သူနဲ့မျက်နှာချင်းဆိုင်စေကာ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပုခုံးကို လက်နှစ်ဖက်နဲ့ဖွဖွလေးကိုင်လျက်...

*ကိုယ် မင်းကို အရမ်းချစ်တာသိတယ်မလား... အခု ကိုင်ထားတဲ့ မင်းရဲ့လက်ကလေးကို လွှတ်မပေးလိုက်ချင်ဘူး... အတူတူနေချင်ပြီ... မင်းကိုအိမ်ထဲလွှတ်လိုက်ပြီး တစ်ယောက်ထဲပြန်ရမယ့် အိမ်ပြန်လမ်းက သိပ်လွမ်းစရာကောင်းတာပဲ... ခွဲမနေချင်တော့ဘူး အသည်းရာ...*

*ဖုန်းနဲ့ပဲ အလွမ်းသယ်ရတဲ့ဘဝက ကျွတ်ချင်ပြီ... လက်ထပ်ပြီး တစ်အိမ်ထဲ တူတူနေချင်ပြီ... အကုန်လုံးကလည်း သဘောတူ လက်ခံပေးကြတာပဲကို.. အသည်းဆို ကိုယ်တို့fanတွေရဲ့ အသည်းလေးကို ဖြစ်လို့... အဲ့ဒါကြောင့် လက်ထပ်ကြရအောင်ကွာ..နော်*

သက်ပြင်းတစ်ချက်ရှိုက်ကာ ပုခုံးပေါ်ခေါင်းမှီလာရင်း ပြောလာသောစကားက မျက်ရည်ဝဲစေသည်....

ကိုယ်လဲ သူ့လိုပဲခံစားရတာမို့ သူ့ခံစားချက်ကိုနားလည်သည်...

နင့်နင့်သည်းသည်းချစ်မိပြီးနောက် အရာအားလုံးကို အလိုလို sensitiveဖြစ်လာခဲ့တာ...

Jealous On Baby ( Hiatus )Where stories live. Discover now