အခန်း၂.၅/အခန်း၂.၅
351 58 9
ကျော့ကျန်းယွိ၏ အိပ်ဆောင်က ရှီနဉ်ကို မျက်မှောင်ကြုတ်စေသည်။ ထိုနေရာမှာ ဟောင်းနွမ်းစုတ်ပြတ်လှပြီး အရှေ့ဘက်မှ လေမကာနိုင်သလို အနောက်ဘက်မှာလဲ မိုးယိုနေသည်မို့ လူတစ်ဦးတစ်ယောက် နေထိုင်ရန် မသင့်တော်သောနေရာဖြစ်သည်။
သို့သော် အိမ်၏ အရှေ့ဘက်တွင်တော့ ချူလုံးလေးများချိတ်ဆွဲထား၍ လေပြေလေးများတိုက်ခတ်တိုင်း ညင်သာပြီး သာယာလှသည့်အသံလေးများ ထွက်ပေါ်နေသည်မှာ အတော်လေးကဗျာဆန်လှသည်။ ထိုနေရာမှာ အခြေအနေတစ်ရပ်ထိ ဟောင်းနွမ်းစုတ်ဖွာနေသော်လည်း တကယ်တန်း ဆိုးဝါးလွန်းလှသည်ထိတော့ မဟုတ်ချေ။
ကျော့ကျန်းယွိမှာ အခန်းရှေ့စင်္ကြံလမ်းတွင် ရပ်နေပြီး အဝေးတစ်နေရာဆီသို့ငေးကာ မည်သည်ကို တွေးနေသည်မသိ၊ ဧည့်သည်တချို့ ရောက်နေသည်ကို သတိမပြုမိဘဲနေလေသည်။
ရှီနဉ်က သူနှင့် မနီးကပ်လိုသဖြင့် အတန်ငယ်အကွာမှပင် လှမ်းခေါ်လိုက်သည်။ "ဝမ်းကွဲသခင်လေး....."
ကျော့ကျန်းယွိ ဆတ်ခနဲဖြစ်သွားပြီး သူ၏ ပိတ်သားကာဦးခေါင်းကိုလှည့်ကာ ကြည့်လိုက်သည်။ ထိုစည်းနှောင်ထားသော ပိတ်သားတို့သည် ဦးခေါင်းအကာသဖွယ်ဖြစ်နေပြီး
မျက်လုံးနှင့် ပါးစပ်ကိုသာမြင်ရလေသည်။ ထိုနှစ်နေရာမှလွဲ၍ ကျန်သည့် သူ၏ မျက်နှာသွင်ပြင်ကို မမြင်ရဘဲရှိသည်။
ယခုအချိန်တွင်မူ ကျော့ကျန်းယွိမှာ ရိယွင်ကျိုင်းကဲ့သို့ မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးကို သူ၏အိမ်ရှေ့တွင်မြင်လိုက်ရသည်မို့ မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
"ရိ သခင်လေး"
သူ့အသံမှာ ငြိမ့်ညောင်းညှင်သာလှသည်။ သူ၏မပီမသ စကားသံလေးကို သေချာကြားရပြီး နားလည်နိုင်ရန်အလို့ငှာ ရိယွင်ကျိုင်းက တတ်နိုင်သမျှ နီးသထက်နီးအောင် တိုးကပ်လာလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျော့ကျန်းယွိမှာ ခြေတစ်လှမ်းဆုတ်လိုက်ပြီး တိုးငြင်းသောအသံဖြင့် "ကျွန်တော်က ရောဂါဆန်းကူးစက်ခံထားရတာမို့၊ ကျေးဇူးပြုပြီး အနားသိပ်မကပ်ပါနဲ့။"