အခန်း ၄.၂
116 15 2
[Z]
ကျော့ကျန်းယွိ တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်တွင်ရပ်နေသော ရိယွင်ကျိုင်းကို တွေ့လိုက်ရသည်။ ဘယ်လိုမှ ပေါ်လာမည်ဟု မထင်ထားသော သူကို တွေ့လိုက်ရသည်မို့
သူအထိတ်တလန့် နောက်ဆုတ်လိုက်မိသည်။
အိမ်အပြင်တွင်လည်း လေများတိုက်နေသည်မို့ အေးလှပေသည်။ ကျော့ကျန်းယွိမှာ အိမ်ထဲမှနေ၍ တွေဝေနေမိသော်လည်း သူ့ကိုလှမ်းပြောလိုက်သည်။ " သခင်လေးရိ၊ အပြင်မှာ လေတွေအေးပါတယ်၊ အထဲဝင်ထိုင်လှည့်ပါဦး။"
ရိယွင်ကျိုင်း ခေါင်းညိမ့်ပြီး အိမ်ထဲသို့ ဝင်လာတော့သည်။
ကျော့ကျန်းယွိက ချင်ကိုပိုက်ထားကာ ပြောရခက်နေဟန်ဖြင့်
" ကျွန်တော်က မနက်တိုင်း ဆုံးပါးသွားတဲ့မိခင်အတွက် ချင်တီးခတ်လေ့ရှိပါတယ်။ သခင်လေးရိ နားဆူမှာကို စိတ်မရှိရင်တော့ ထိုင်ပါဦးခင်ဗျာ။"
ရိယွင်ကျိုင်း ရှောင်အိမ်တော်မှာ နေနေသည်မှာ ရက်အတော်ကြာပြီဖြစ်၍ သည်အချိန်ရောက်လျှင် ချင်သံကို ကြားရမည်မှန်း အရင်ထဲကသိသော်လည်း ထိုသူက သီချင်းကို လွန်လေရှာသော မိခင်ကို ဂါဝရပြုဖို့ တီးခတ်နေခဲ့မှန်း မသိခဲ့ချေ။
ချင်သံမြည်ဟီးနေသည်မှာ တိမ်တွေလွင့်မြောနေသလို၊ ရေတွေစီးဆင်းနေသလို သဘာဝကျလှပေသည်။ သို့သော်လည်း စိတ်အလွန်ရှုပ်ထွေးနေမိသောကြောင့်လား၊ တပါးသူရှိနေသောကြောင့်လားမသိ၊ ကျော့ကျန်းယွိမှာ မှားမှားယွင်းယွင်းဖြင့် အချို့နေရာများတွင် အဖျားခတ်လိုက်မိတော့သည်။ သူတီးခတ်ပြီးစီးချိန်တွင်တော့ သူ့နဖူးတွင် ချွေးများစိမ့်ထွက်နေချေပြီ။
သူအဝတ်တစ်ခုဖြင့် ချွေးများကို သုတ်သင်လိုက်သည်။ ရိယွင်ကျိုင်းကမူ အခန်းထဲတွင် ထိုင်နေဆဲရှိပြီး ထွက်မသွားသေးသည်မို့ သူ့အတွက် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့ပေးလိုက်ပြီး သူ့ရှေ့တွင်ချပေးလိုက်သည်။
"မင်းက ကောင်းကောင်းတီးတတ်တာပဲ။ ကိုယ့်မှာ လန်ရွှင်းကိုယ့်ကို ထားသွားခဲ့ပြီးကထဲက ဒီလောက်သာယာတဲ့ ချင်သံကို မကြားခဲ့ရတာ ကြာခဲ့ပါပြီ။"
You've reached the end of published parts.
⏰ Last updated: Jan 07, 2022 ⏰
Add this story to your Library to get notified about new parts!