အခန်း၁/အခနျး၁
568 62 0
ငြိမ်သက်နေသော အခန်းတွင်း၌ ဖယောင်းတိုင်ငယ်၏ အလင်းစကသာ လွင့်မြောတော့မယောင် လှုပ်ယှက်လျက်ရှိသည်။ ရွေ့လျားတိုက်ခတ်နေခဲ့သော လေလျင်မရှိပါမူ ဖျော့တော့နေသော အလင်းရောင်ငယ်စလေးသည် အခန်းငယ်၏ ပုံရိပ်အား ပိုမိုမပြတ်မသား မှိန်ကျအောင် စွမ်းဆောင်ပြီး ပျောက်ကွယ်တော့မည့်အလား ။
အရောင်မွဲနေသော လိုက်ကာစသည်လည်း အခန်းငယ်တွင်းရှိ ခန္ဓာကိုယ်အား ဖုံးကွယ်ပေးထား၏။ တည်ငြိမ်အေးစက်သော အသံသာအပြင် နွေးထွေးပြီး ပြင်းရှသောအသက်ရှူသံများနှင့်အတူ ထိုလိုက်ကာစလေးမှာလည်း ထိုပုဂ္ဂိုလ်၏ လှုပ်ရှားမှုနှင့်အတူ စည်းချက်ညီစွာ ကခုန်နေလေသည်။
ရိယွင်ကျိုင်း၏ စိတ်အစုံမှာတော့ လုံးဝ ကသော့ကနောင်းပါပင်။ သူ့၏ ဆင်ခြင်တုံ့တရားတို့မှာလည်း တစ်စမကျန် ကွယ်ပျောက်နေသော အခြေအနေတွင် ရှိနေ၏။
သူ့၏ ချောမောခန့်ညားသော မျက်နှာမှာ စိတ်ကြွဆေးအရှိန်ကြောင့် နီမြန်းနေပြီး အသက်ရှူသံများကလည်း တဖြည်းဖြည်းကျယ်လောင်လာသလို မျက်လုံးသူငယ်အိမ်တို့မှာလည်း တစ်ဆထက် တစ်ဆ ပြူးကျယ်လာလေသည်။ စိတ်ကြွဆေးအဆိပ်ကား သူ့ခန္ဓာ တစ်ကိုယ်လုံးအနှံ့ ပြန့်နှံ့နေခဲ့ပြီ ။ သူ့အတွက်တော့ ဤအဆိပ်ကို ပြေလျှော့ဖို့ရာ တစ်စုံတစ်ယောက် ၊ မည်သူပင်ဖြစ်စေ တစ်စုံတစ်ယောက်ကို အမြန်ဆုံးလိုအပ်နေသည့် အချိန်ဖြစ်သည်။
ရှောင်လန်ရွှင်းမှာ ခန်းစီးစကို အသာမလိုက်ကာ အိပ်ရာပေါ်သို့ တက်သွားလိုက်၏။ သူမ၏ မျက်နှာအရောင်မှာတော့ စက္ကူဖြူပမာ ဖြူလျော့ကာ အရောင်ကျနေလေသည်။
လှပသော မိန်းမပျိုတစ်ဦး၊ မနက်ခင်းတွင် အစွမ်းကုန် ပွင့်လန်းနေသော ပန်းကဲ့သို့ အလှမျိုးနှင့် ခန္ဓာကိုယ်အလျှောက် ဖြတ်သန်းလာသော နူးညံ့သိမ်မွေ့သည့်ရနံ့တို့ကို ဘယ်အလှကများ ယှဉ်နိုင်ဦးမည်နည်း။
သို့သော် သူမ၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ပြေးယှက်ကာ လက်ချောင်းလေးများပါ တုန်ရီနေပြီး တုန်လှုပ်ခြောက်ခြားနေမှုက သူမ၏ စိတ်နှင့် ခန္ဓာကို ကွဲလွဲစေတော့မယောင်။