ရှီနဉ်က ရိယွင်ကျိုင်း အနောက်ဆောင်ကိုသွားသည့်နောက်သို့ လိုက်လာခဲ့သည်။ ရှီနဉ်၏ ပင်ကိုယ်စရိုက်မှာ အတော်လေးကို တည်ငြိမ်လှသည်။ သူက တခြားအစေခံများနှင့် မတူဘဲ အပေါ်ယံသက်သက် ဆူပူ တောင်းဆိုခြင်းကန့်ကွက်ခြင်းများမပြုချေ။ သည်အတွက်ကြောင့်ပင် ရိယွင်ကျိုင်းက သူ့ဘေးနားတွင်ထားပြီး သူ့ကို ခစားစေခြင်းဖြစ်သည်။
"သခင်ကြီးဆီ လူလွှတ်ပြီး လန်ရွှင်းမိန်းကလေးကို ရှာတွေ့ပြီလို့ သတင်းပို့
လိုက်ရတော့မလား၊သခင်လေး။"တလောလေးကမှ တစ်ပါးသူတွေနဲ့ရှိနေစဉ်တွင်း ဖြစ်တည်နေသော ရီယွင်ကျိုင်းရဲ့ နွေးထွေးပြီး ခံ့ညားတဲ့ပညာရှင်ဆန်ဆန်အပြုံးဟာ၊ အခုချိန်မှာတော့ ခက်ထန်ပြီး အေးစက်နေလေသည်။
"မလုပ်နဲ့"
ရှီနဉ်က ဘာမှမပြောဘဲ သူပြောသည်ကိုသာ နားထောင်လိုက်သည်။ အဆုံးတွင် သူခုဏက သတိထားလိုက်မိသည့် ပုံမှန်မဟုတ်သော အခြေအနေကို ခပ်တိုးတိုး ပြောလေသည်။ "ခုဏဧည့်ခန်းမထဲမှာရှိနေတုန်း ရှောင်သခင်ကြီး ချွေးစေးတွေပြန်နေတယ်။"
ရိယွင်ကျိုင်းမှာ ဒီဖြတ်သန်းခဲ့ရသည့် နှစ်အနည်းငယ်အတွင်း *လေပြင်းနဲ့ လှိုင်းကြမ်းများစွာကို ဖြတ်ကျော်ခဲ့ပြီးဖြစ်လေရာ
ဧည့်ခန်းမအတွင်းက ထူးခြားသည့် အခြေအနေကို ကျိန်းသေ သတိထားမိလေသည်။
(လေပြင်းနဲ့ လှိုင်းကြမ်းများစွာ: အခက်အခဲများစွာ)သူ သူ့အင်္ကျီလက်ထဲက ဆံထိုးလေးကို ထုတ်ယူလိုက်သည်။ ဆံထိုးသည်လည်း စစ်မှန်သည် လူမှာလဲ အမှန်ပင်ဖြစ်သည်။ သို့သော်ငြား
ရှောင်သခင်ကြီးက ရှောင်လန်ရွှင်းနဲ့ သူ့အား တွေ့ပေးဖို့ပြောတော့ သာမန်ထက် ပိုပြီး ချွေးစေးတွေထွက်နေရတာလဲ။"မင်းသတင်းသွားမပို့ခင် အချိန်ခဏလောက် ယူလိုက်ဦး။"
" ဟုတ်ကဲ့ပါ၊ သခင်လေး။"
ထိုစဉ် မှော်ဆန်လှသည့် ချင်*သံလေး အဝေးတစ်နေရာဆီမှ ပျံ့လွင့်လာလေသည်။ အသံမှာ ငြိမ့်ညောင်းစွာ စီးဆင်းနေပြီး နားထောင်ရသူအဖို့ သက်သောင့်သက်သာရှိစေသည်။