ရှီနဉ်က ရီယွင်ကျိုင်းကို ပြန်ဖို့အတွက် မရပ်မနား တိုက်တွန်း နေသော်လည်း သူကတော့ လုံးဝမကြားသလိုပင်။ ထိုမျှမက မေးမြန်းရာတွင်လည်း ဖိအားပိုများလာလေသည်။
"မင်းပဲ ခုဏကပြောတော့ ကိုယ်မင်းကို စစ်ဆေးနိုင်တယ်ဆို။ ကိုယ့်ကို ခွင့်ပြုနိုင်မလား။""ခွင့်မပြုနိုင်ဘူး...။"
ကျော့ကျန်းယွိမှာ ကျိန်းသေ ခွင့်မပြုနိုင်ပေ။ ထို့အပြင် သိပ်မကြာခင်ကပင် တွန်းချခံထားရသေးသည်မို့ သူက ကြမ်းပေါ်မှာ ထိုင်နေရင်း နောက်သို့ တရွေ့ရွေ့ ဆုတ်သွားလေသည်။ ကြောက်လွန်း၍ တုန်နေသောအသံမှာလည်း သိသာလွန်းသည်မို့ သူထိတ်လန့်နေမှန်း ပေါ်လွင်လှသည်။
သူ့ခမျာ သူ၏ ယောကျာ်း ကိုယ်ခန္ဓာအား စစ်ဆေးချင်သောသူ တစ်နေ့ ဤကမ္ဘာတွင် ရှိလာမည်ကို ယုံပင်မယုံနိုင်သေးပေ။
ကျောကျန်းယွိ ကြောက်လန့်စိတ်ကြောင့် သူ့လည်ချောင်းမှာ ခြောက်ကပ်လာပြီး မနေနိုင်တော့ပဲ ချောင်းဆိုးလာသည်။ ချောင်းဆိုးလေ ပိုဆိုးလာလေဖြစ်ပြီး တဖြေးဖြေး အသက်ပင်မရှူနိုင်လောက်အောင် ဖြစ်လာတော့သည်။
"သခင်လေး....။ ကျွန်တော် တောင်းပန်ပါတယ်...။ ကျေးဇူးပြုပြီး ထွက်လာပါတော့......။"
(T/N: သူ့ကိုတောင် တော်တော်သနားလာပြီ။😂)ရှီနဉ်မှာ ကူးစက်ခံရမည်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ
ရီယွင်ကျိုင်းကို စကားစပြတ်အောင် အခန်းထဲသို့ ဝင်လာတော့သည်။ အဲ့ဒီ..ဝမ်းကွဲသခင်လေး ချောင်းဆိုးနေတာကြီးက အဆုတ်နာရောဂါပုံစံလိုမျိုးကြီး..... သက်ရှိလူတစ်ယောက်ကမြင်မိရင် ကျိန်းသေ ကြောက်ရွံ့မှာဖြစ်ပြီး တစ္ဆေတစ်ကောင်ကမြင်မိရင်တော့ ကျိန်းသေ သောကများသွားမှာပင်။ သူက စိတ်လောလွန်းလို့ ရိယွင်ကျိုင်းကို ဆွဲထုတ်မိမတတ်ပဲ။ရိယွင်ကျိုင်းက သူ့လက်ကို ဆွဲခါလိုက်ကာ ကျော့ကျန်းယွိ ပြင်းပြင်းထန်ထန်ချောင်းဆိုးပြီး သူတို့ကို အာရုံမစိုက်နိုင်တာကို အခွင့်ကောင်းယူ၍
သူ့ခန္ဓာကိုယ်ကို စစ်ဆေးရန် သူ့ဘောင်းဘီထဲ သူ့လက်ကိုထည့်လိုက်တော့သည်။
(T/N: @_@ !!!!!)