အခန်း ၃.၅
150 27 0
[Z]
ရှောင်ဟုန်းအာ၏ မျက်ဝန်းတို့မှာနီမြန်းနေပြီး ငိုထားမှန်းသိသာလှသည်။ သူမက ရိယွင်ကျိုင်းရဲ့ ရင်ခွင်ထဲကို ခေါင်းလေးတိုးဝေ့ကာ
"ရှင်က တကယ်လည်း ကျွန်မကို ပစ်ပစ်ခါခါကြီးဆက်ဆံတယ်လေ...၊ ကျွန်မက..... ရှင်ကျွန်မကို မလိုချင်တော့ဘူးလို့တောင် ထင်သွားတာ...။"
ရိယွင်ကျိုင်း သူမရဲ့ ပိုးသားလိုဆံသားတွေကို ကြင်နာစွာပွတ်သပ်ပေးရင်း ရှောင်လန်ရွင်းက သူ့ဘေးမှာရှိနေတာကို ဘယ်လိုလုပ်များ ရောဂါသည်အမျိုးသားတစ်ဦးကို သူမအနေနဲ့ထင်မှတ်မိပါလိမ့်ဟု တွေးနေမိလေသည်။ သူတကယ်ကိုမသင့်လျော်တာတွေ လုပ်မိခဲ့တာပဲ။
သူ့ကိုယ်သူ လိပ်ပြာမလုံမိတာမို့ ရှောင်ဟုန်းအာကို ပိုပိုသာသာလေး နူးနူးညံ့ညံ့ဆက်ဆံ​ပေးမိသည်။
"ကိုယ်တောင်းပန်တဲ့ အနေနဲ့ မင်းကို *စီရင်စုမြို့တော်ကို အလည်လိုက်ပို့​ပေးမယ်လေ ဟုတ်ပြီလား။ ကိုယ်တို့နေ့ချင်းပြန်သွားလို့ရတယ်။
ကိုယ်ကြားတာ အဲ့စီရင်စုမြို့မှာ မြို့စောင့်နတ်ကို ပူဇော်ပွဲလုပ်မှာဆိုတော့ အရမ်းစည်မှာပဲ။ ကိုယ်တို့ အတူသွားကြမယ်လေ..၊ မကောင်းဘူးလား..။"
(T/N: စီရင်စုဆိုတာ နာမည်မဟုတ်ဘူးနော် ဘုရင့်နန်းတော်ရှိနေတဲ့ အဓိကမြို့ မဟုတ်တဲ့ မြို့ကြီးကိုပြောတာပါ။)
ရှောင်ဟုန်းအာက ဝမ်းသာအားရဖြင့်.... "ကောင်းတာပေါ့.....။ ယွင်ကျိုင်း..... ကျေးဇူးပါနော်.....။"
အတိတ်တုန်းက အမြဲတမ်း စိုးရိမ်ပူပန်နေဟန်ရှိသည့် ရှောင်လန်ရွင်းနှင့်စာလျှင် သူမမှာပို၍ တက်ကြွလာလေသည်။ သူ့ကိုတွေ့ရရုံဖြင့် သူမကအလှဆုံးအပြုံးကို ပြုံးပြလျက်ရှိသည်။ သူမကသူ့ရဲ့ ဇနီးမယားဖြစ်လာတော့မှာမို့ စိုးရိမ်သောကရောက်စေတဲ့ အရာဆိုတာမရှိတော့ပဲ ပူပန်နေစရာမလိုတော့ဘူးပေါ့။ ရိယွင်ကျိုင်းက ရှောင်လန်ရွှင်း၏ ပြောင်းလဲမှုအပေါ် သင့်လျှော်သည့်ဖြေရှင်းချက် ရှာပေးနေမိသည်။
ရိယွင်ကျိုင်းက သူမကိုပွေ့ဖက်လိုက်ပြီး သူ့ရဲ့ အမြင်အာရုံကိုတော့ ရှောင်ဟုန်းအာ၏ လှပပြီးဆွဲဆောင်မှုရှိသည့် မျက်နှာလေးအပေါ် အလုံးစုံပုံအပ်ထားလေသည်။