[Z]
"နေဝင်နေပါပြီ သခင်လေး၊ ပြန်ကြရအောင်လား "
ရှီနဉ်က တကျည်ကျည်နှင့်ပြောနေသော်လည်း ရီယွင်ကျိုင်းကတော့ တုတ်တုတ်မှပင်မလှုပ်ချေ။ ဤသည်မှာ သူလုံးဝပင် မလှုပ်ချင်ကြောင်း ဖော်ပြနေသလိုရှိ၏။
"သခင်လေး...တကယ်ကြီးကို နောက်ကျနေပါပြီ။ မြန်မြန်လေး ပြန်ကြရအောင် "
ရှိနဉ်မှာ ရည်ရွယ်ချက်ရှိရှိပင် အသံမြင့်ကာ ပြောလေသည်။ ကျော့ကျန်းယွိမှာလည်း ရှိနဉ် တမင်လုပ်ကြောင်း သိလိုက်သည်။မည်သူကများ ဤကဲ့သို့ အစုတ်အပြတ်နေရာတွင် နေချင်ပါမည်နည်း၊ ထို့အပြင် ရိမိသားစုကား ဓနကြွယ်ဝ၍ မြင့်မြတ်သော မိသားစုဖြစ်လေရာ ဤကဲ့သို့နေရာမျိုးအား သေချာပေါက် အထင်အမြင်သေးပါလိမ့်မည်။သူလည်း ခေါင်းကို ငုံ့လျက် ဆေးထုတ်ကို ကိုင်ကာ အသံတိုးတိုးနှင့်ပင်ဆိုခဲ့သည်။
" ကျွန်တော် လိုက်မပို့တော့ပါဘူး ""သခင်လေး သွားရအောင်! " ရှိနဉ် ထပ်ပြောလိုက်သည်။
"မင်း ချင် တီးတတ်တာလား? "
ရိယွင်ကျိုင်းက စင်ပေါ်မှ ချင်ကို ရုတ်တရပ်လက်ညိုးညွှန်ကာ ကျော့ကျန်းယွိအား မေး၏။ရှိနဉ်တစ်ယောက်မှာတော့ မေ့လဲတော့မတတ်ပေ။ သခင်လေးက ယခုထိ မြန်မြန် ထွက်မသွားသေးဘဲ နောက်တစ်မိနစ်တွင် စကားစလိုက် နောက်တစ်မိနစ်တွင် ငြိမ်သက်လိုက်လုပ်နေပြီး ထူးဆန်းသော ရောဂါသည် ဝမ်းကွဲသခင်လေးနှင့် စကားစမြည်ပြောကိုပြောချင်နေရပါသနည်း။
ကျော့ကျန်းယွိ ခေါင်းခါလိုက်သည်။ "ကျွန်တော် မတီးတတ်ဘူး "
"ကိုယ် သင်ပေးမယ်ဆို ဘယ်လို သဘောရလဲ? "
အားအားယားယား တစ်မိနစ်စကားပြော တစ်မိနစ် ငြိမ်ပြီး စကားပြောချင်နေလွန်းတာက ရသေး၏၊ သခင်လေးက မထင်မှတ်ထားရလောက်အောင် ချင်တီးပါ သင်ပေးချင်ပြန်ပြီတဲ့လား?အပမီနေသည်ကလွဲလို့် ဤကဲ့သို့ ရူးမိုက်သည့်အရာကို မည်သူမှ လုပ်မည် မဟုတ်ပေ။
ဆေးထုတ်ကိုကိုင်ထားတဲ့ ကျော့ကျန်းယွိရဲ့ လက်တွေ ပိုတင်းကျပ်သွားလေသည်။ သူရိယွင်ကျိုင်းကို ရင်ဆိုင်ဖို့ ခေါင်းမော့လိုက်ပြီး
"စိတ်မရှိပါနဲ့။ ကျွန်တော် ခုဏက လိမ်လိုက်တာပါ။ တကယ်က ကျွန်တော် ချင်တီးတတ်ပါတယ်။ ကျွန်တော့်ရဲ့ ချင်လက်ရာက သိပ်မကောင်းတာမို့ပါ။ ရိသခင်လေး ကျွန်တော့်ကို သင်ပေးဖို့မလိုပါဘူး။ ကျွန်တော်တီးတတ်ပြီးသားပါ။"