P​art-11

9.4K 1.1K 26
                                    


WuXing ဟာ ခန္ဓာကိုယ်ပေါ် မွှေးပျံ့သော ရနံ့များနှင့် အတူ အဖြူရောင် ဆုတောင်းဝတ်ပြု ဝတ်စုံအား ဆင်မြန်းလာသည်

ဘေးနား၌ ထောင်ပေါင်းများစွာသော အလှမိဖုရားလောင်းလေးများ တန်းစီ ထိုင်နေကြပါသည်

ဖြူစင်သော သန့်စင်သော ဟန်ဆောင်ခြင်းကင်းသော ပဏာမ အဓိပါ္ပယ်ဖြင့် WuXing ဟာ အဖြူရောင် ဝတ်ရုံလွှာတို့ ဆင်မြန်းထားသော မိဖုရားလောင်းလေးများထဲမှ တစ်ယောက်ကို ရွေးချယ်ရမည်

လမ်းလျှောက်ရင်း ကြည့်ရမည်

နှစ်ခါပြန်လှည့် မလျှောက်ရပါ

လမ်းလျှောက်ရင်း အလိုရှိရာ မိဖုရားအား တစ်ကြိမ်တစ်ခါသာ မင်းလောင်းပီသစွာ ဆုံးဖြတ်ချက်ကို လျှပ်စီးလို လျင်မြန်စွာ ရွေးချယ်နိုင်ရမည်

မိန်းမလှလေးများဟာ WuXing အား မော့မကြည့်ရပါ~~

အိန္ဒြေအပြည့်ဖြင့် မျက်လွှာချကာ သင်ပြထားသည့် ပုံစံဖြင့် ထိုင်နေရမည်

ဘယ်ဘက် မျက်နှာချင်းဆိုင်၌ မူးကြီး မတ်ရာ သူဌေး သူကြွယ် သက်ဆိုင်ရာ ဖခင်များရှိသည်

ညာဘက် မျက်နှာချင်းဆိုင် လျှောက်လမ်းကြီး တစ်ဖက်တွင် မိန်းမလေးဟု ဆိုသော WuXing ထက် ငယ်ရွယ်သူ Consai သူလေးများ ထိုင်နေရသည်

နတ်ရေမပြောင်းလဲသေးသော Consai သူမလေးများ တစ်ယောက်မကျန် ရှိနေရမည်

ပန်းပွင့်လေးများနှင့်တူသော ထိုသူလေးများ၏ အနောက်တွင် မိခင်များက ထိုင်နေပါသည်

ထိုသူများတွင် မိန်းမလှငယ်လေးများ အားလုံးသည် အဖြူရောင်ဝတ်ရမည်

ခြယ်သထားခြင်း မပြုရ----

WuXing အမှတ်မထင် YenYen အား ရှာမိသည်

မိမိအား ဖိနပ်ပါချွတ်ပြီး ရိုက်နှက် ကန်ကျောက်တတ်သော ထိုဟာမလေး အခုချိန် ဘယ်လိုဖြစ်နေမလဲ သိချင်ပါဘိ

မိမိအား လက်ထပ်ရမည်ဆိုလျှင် တစ်ယောက်တည်း မိုးကြိုး အကြိမ်ကြိမ် ပစ်နေမှာ သေချာပါသည်

WuYing ကြိတ်ရယ်လိုက်မိသည်~~
စစ်သူကြီး မျက်နှာကတော့ မှုန်ယိုနေမှာ သေချာပါ၏

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now