part-73

4.6K 677 46
                                    

မကြာခင် Kaminaလေးဟာ Aitaထံသို့ရောက်လာ၏

ကြင်ယာထိန်းများက Kaminaအား သယ်ဆောင်လာပြီး နူးညံ့သော အနီရောင်ငှက်မွှေးတို့ပါသည် အိပ်ယာခင်းလေးပေါ် တင်ပေးထားသည်

မိုးရေကျချိန်မို့ အဆောင်တော်ကြီး၏ ပတ်ပတ်လည်၌ ဖိုထားသည် မီးဖိုကြီးများ ဖိုထားကြသည်

Kaminaဟာ နွေးထွေးမှုကြောင့် မျက်ဝန်းတို့ပွင့်လာ၏

အစေခံတို့ဟာ Kamina၏ စိုနေသော အဝတ်တို့အား ချွတ်လိုက်ကြသည်

သစ်လွင်သော ပိုးသားနှင့် အနွေးထည်အဝတ်အစားတို့အား ဆင်ယင်ပေးပြီးနောက် ကျိုချက်ထားသော သန္ဓေသားဆေးရည်တို့ကို ယူလာသည်

Naniဟာ ပျော့ခွေနေသော Kaminaအား ရင်ခွင်ထဲ၌ ပွေ့ထူလိုက်၏

"မင်း ကျန်းမာမှဖြစ်မယ်"
"မဟုတ်ရင် မင်းသေဆုံးရလိမ့်မယ်"

"ကြင်ယာတော်ကြီးထံကို ကိုယ်တိုင် လမ်းလျှောက်ပြီး သွားတွေ့နိုင်မှ မင်းရဲ့ ကလေးကို အသက်ရှင်ခွင့်ပေးဖို့ တောင်းဆိုနိုင်မှာ"

Naniဟာ Kaminaပါးစပ်ထဲသို့ ပူနွေးသော ဆေးရည်တို့အား တိုက်ကျွေးရင်း မှာကြား၏

"မင်းရဲ့ ကလေးက ဒီမှာ အသက်ရှင်ခွင့်မရှိဘူး.... အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် အသက်ရှင်ခွင့်ရနိုင်ဖို့ပဲ တွေးပါ... ကြင်ယာကြီးက အလိုရှိလာခဲ့ရင် တစ်ခါတောင် တုန့်ဆိုင်းမနေဘဲ ကလေးကို ပေးပါ့မယ်လို့ပြောလိုက်ပါ..."

"မင်းရဲ့ကလေးက မင်းအတွက် ဘာမှဖြစ်လာမှာလည်း မဟုတ်ဘူး... မင်းမှာ သူ့ကို စောင့်ရှောက်ဖို့အားအင်လည်း မရှိဘူး... လိင်လုပ်သားအဖြစ် ပြန်လည်အသက်ရှင်နိုင်ဖို့ ဗိုက်ထဲက ကလေးကိုစွန့်ပစ်ပြီး ကောင်းမွန်တဲ့ စည်းစိမ် ခံစားခွင့်တွေအတွက် ကလေးကို မွေးဖွားပေးလိုက်ပါ"

"ကြက်ကလေးလောက်တောင် အဖိုးမတန်တဲ့ မင်းရဲ့အသက်ကို ရှင်သန်ခွင့်ပေးတဲ့အတွက် ကြင်ယာကြီးကို ကျေးဇူးတင်လိုက်ပါ~~ Kamina"

Nani၏ စကားအဆုံး၌ Kaminaဟာ ပါးစပ်တွင်းသို့ ဝင်ရောက်လာသည့် ဆေးရည်စက်တို့အား မျိုချရင်း မျက်ရည်တို့ပြည့်လျှံကာ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာခဲ့သည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now