part-15

10.3K 1.1K 22
                                    

မကြာသေးခင်က WuXing အား ပါးရိုက်ပြီး အိမ်ပြန်သွားသော မင်းသမီးငယ်လေး၏ ရိုင်းပျမှုအတွက် နှစ်နယ်မြေ ပြန်လည်သင့်မြတ်စေရန် မင်းသားလေး XiaYu လာရောက်ကာ ချစ်ကြည်ရေး သံတမန်ဖွဲ့ရသည်

XaiYu သည် ပြည်မကြီး၏ အငယ်ဆုံးသော ခပ်နွဲ့နွဲ့မင်းသားဖြစ်သည်

XiaYu သည် လှပသော အပြုံးတို့ရှိသည်

အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ဆွဲဆောင်မှုရှိသော ပြည်မမျက်နှာပေါက်အပြင် နှင်းလိုဖြူသော အသားအရေတို့လည်း ရှိသည်

ထက်မြတ်သော ညဏ်ရည်တို့က သံတမန်မင်းသားဖြစ်လာဖို့ အထောက်အကူပြုသည်

သို့သော် နန်းတတ်မင်းသားမဟုတ်ပါ

အစ်မတော် Yuyi အဘယ်ကြောင့် အိမ်ပြန်လာသလဲ XiaYu သိသောကြောင့် သဘောကျစွာ ရယ်မိသည်

ထို့နောက် Yuyi နဲ့ WuXing တို့ ပြဿနာတွေ တတ်ကြပြီး Shuyi အိမ်ပြန်လာသည်

XiaYu လက်တွင်း၌ ဖွက်ပြီးယူလာသော ပိတ်စဖြူလေးကို ထုတ်ပြီး ဖြန့်ကြည့်လိုက်သည်

XiaYuသည် ယောက်ျားတို့ကို စိတ်ဝင်စားတတ်သည်

"နန်းတတ်မင်းသားက အစ်မကို မလိုချင်ဘူးတဲ့ ခိခိ"

ပိတ်စဖြူပေါ်ရှိ WuXing ပုံလေးက XiaYuအား ရင်ခုန်အောင် လှုံ့ဆော်နေသလား

×××××

WuXing ပြာယာခတ်နေသည်

"ဒုက္ခပဲ'
"ငါတော့ အရှက်ကွဲပြီ ထင်တယ်"

ပြည်မမှ မင်းသမီးအား မလိုချင်၍---

"နင့် မောင်ကိုပဲ ငါကြိုက်တယ်"
"နင့်ကို မကြိုက်ဘူး" ဟု WuXing ပြောလွှတ်လိုက်သည်

ယခုလို သံတမန်လုပ်ပြီး ရောက်လာတော့ ဟိုမင်းသမီး ပြည်မမျောက်က ပြန်ပြောပြထားရင် မျက်နှာပူစရာကောင်းလှသည်

"မင်းသား~~"
"ရောက်လာပါပြီ"
"အပြင်ထွက်ပြီး ခရီးဦးကြိုပြုဖို့ မင်းကြီးက စောင့်နေတယ်"

"ခမည်းတော် ငါဖျားနေတယ်လို့ ပြောလိုက်!!"

"မင်းသား~~~~"
"အဲ့လိုလုပ်လို့မရဘူးလေ~~"

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now