part-19

9.8K 1.1K 36
                                    


~~~

နေ့လည်ရောက်သော် WuXing အပြင်ထွက်လာသည်

YenYen ရှိရာ စစ်သူကြီး နေအိမ်သို့ WuXing ကြွလာ၏

မျက်နှာ မစိမ်းသော ဧည့်သည်က ကြိုတင်ရောက်နေသည်

"မင်းသမီး YuYi!!"

WuXing တံခါးလေးနဲ့ ဆက်ခနဲ ကွယ်လိုက်သည်

ချစ်ကြည်ရေး မင်းသားငယ် Xiayu ၏ အစ်မတော် YuYi ဟာ အဘယ်ကြောင့် YuTao အိမ်သို့ ရောက်နေတာလဲ
WuXing ဟာ သာမန် သူငယ်ချင်းအိမ်လာသလို ခိုးထွက်လာသည်မို့ အထိန်းတော်နှင့်သာ သာမန်သာ ဖြစ်သည်

YuYi နှင့် စစ်သူကြီး YuTao ဟာ စကားလက်ဆုံကျနေသည်

YenYen က အနား၌ ရေနွေးငုဲ့ပေးနေသည်

XiaYu က ဟီးဟီးဟားဟား လုပ်နေ၏

ပြည်မမှ တိုင်းပြည်၏ ဧည့်သည်များ စစ်သူကြီး အိမ်ရောက်နေကြသည်

"YuTao~~"
"မင်း XiaYu ကို ကောင်းကောင်း စောင့်ရှောက်ပေးလိုက်ပါ"
"သူက လင်လိုချင်နေတာ~~~"

YuYi ဟာ သူ့မောင်အား ပြောဆိုရင်း ရယ်နေသည်

XiaYu ဟာ မျက်မှောင်ကုတ်ပြီး အစ်မဖြစ်သူ YuYiအား အော်သည်

"ဘာကိုလဲ!!"
"XiaYu က မိန်းမယူမှာပါ!!"

"ဟုတ်လို့လား~~"
"WuXing လို ယောက်ျားမယူနဲ့နော်~~"
"အစ်ကိုကြီး XiuYi မင်းကို သတ်လိမ့်မယ်"

"သိပါတယ်~~~!!!!"

XiuYi ဆိုသည်မှာ ပြည်မ၏ နန်းတတ်မင်းသားကြီး ဖြစ်သည်

အရည်အချင်းနှင့် ပြည့်စုံသော အိမ်ရှေ့စံမင်းသား ဖြစ်သည်

YuYi ဟာ မိမိအား ပါးတွေ ဘယ်ပြန်ညာပြန် ရိုက်ခဲ့သော မင်းသမီးဆိုးဖြစ်သည်

အားကလည်း သန်၏
မိန်းမနဲ့တောင် မတူပေ!!

"Yoi~~"
"အသံပေးလိုက်~~"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး~~"

ထို့နောက် Yoi ဟာ အဝ၌ ရပ်၍ အသံပြုလိုက်သည်

"မင်းကြီး ကြွချီလာပါတယ်))))"

WuXing ရောက်လာသည်ဆို၍ အားလုံးပြာပြာသလဲ လှည့်ကြည့်ကာ WuXing အား မြင်သော် စစ်သူကြီးနှင့် YenYen က ဒူးလေးထောက်ကာ အရိုအသေပြုသည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now