part-74

5K 629 33
                                    

Siaဟာ Aita၏ အိပ်ဆောင်တွင်းသို့ ကြွလာသည်

အရာအားလုံးဟာ ခပ်လဲ့လဲ့ ရေနံမီးတိုင်များမှလွဲ၍ မဲမှောင်နေပြီး အစေခံများနှင့် ကြင်ယာထိန်း နှစ်ယောက်ဟာ တိတ်ဆိတ်စွာ အပြင်၌ မတ်တပ်လေး ရပ်နေကြသည်

"ကြင်ယာတော်ကြီး အတွင်းမှာ ရှိပါတယ် Sia:::"
"ထုံးစံအတိုင်း မှန်ရှေ့မှာ ထိုင်နေပါတယ်::::"

Siaဟာ သက်ပြင်းချလိုက်၏

"တံခါးဖွင့်"

Siaဟာ ပွင့်ဟသွားသော တံခါးမကြီးအနောက်သို့ ဝင်သွားခဲ့၏

ထို့နောက် ပြန်ပိတ်လိုက်သည်

×××××

မှန်ချပ်ကြီးနှင့် လိုက်ကာစများကြား၌ Aita ရှိနေသည်ဟု ထင်ရ၏

Siaဟာ တိတ်ဆိတ်မဲမှောင်နေသော အခန်းတွင်းမှ ကွက်ပြီးလင်းနေသော နေရာလေးသို့ မှန်းဆကာ ရှေ့တိုးလာခဲ့၏

ရုတ်တရက် Siaခြေဖဝါးအောက်သို့ ပြေးတိုးသည့် ခပ်မာမာ ပစ္စည်းလေးရှိနေ၏

Sia ကောက်ကြည့်လိုက်သော ကလေးခြူလုံးလေး ဖြစ်၏

ToBuလေးဟာ Aitaအခန်းထဲ၌ ဝင်၍ဆော့တတ်သည် ထင်၏

ပတ်ဝန်းကျင်၌ ပွပြဲနေသော ကလေး ကစားစရာနှင့် အရုပ်လေးများဟာ နေရာအနှံ့၌ ပြည့်နေသည်

အနီးကပ်ကြည့်မိတော့မှ ToBuဟာ Aitaကုတင်ပေါ်၌ မှောက်ခုံလေး အိပ်ပျော်နေသည်

Sia ကလေးအား စောင်ခြုံပေးလိုက်၏

ထို့နောက် ကုတင်ဘေးရှိ လိုက်ကာစကို ဖွင့်၍ ဝင်လိုက်သောအခါ အထဲ၌ Aitaဟာ ငုတ်တုတ်လေး ထိုင်နေသည်

ဒေါသထွက်၍ ဖြစ်ချင်ရာဖြစ် လုပ်ချင်တာတွေ အကုန်လျှောက်ပြီးရင် အမြဲတမ်း သူဘာမှမလုပ်ထားသလိုမျိုး ငြိမ်ပြီး ပုန်းနေတတ်သော သူလေး

Aitaဟာ ငယ်ငယ်ကတည်းက မာနကြီး၏.... သူများအောက် နှိမ့်ချပြီး ရှင်သန်ရမှာကိုလည်း ကြောက်တတ်၏... မာနကြီးလွန်းလို့ သူ့ကိုယ်သူ ဘာလုပ်မိမှန်းတောင် မသိလိုက်ပေ...

Aitaဟာ မူမမှန်သန္ဓေသားမျိုး ဖြစ်သည့်အတွက် ခံစားချက်တွေကိုလည်း မထိန်းချုပ်နိုင်တတ်သည့်အတွက် ဒေါသဖြစ်လာသည့်အခါ ရှက်ရွံ့မှုတို့ပါအတူ ပေါင်းစပ်လာလျှင် မကောင်းဆိုးဝါးလိုပင် မျက်စိထဲ ထောင့်မကျိုးသည့် အရာမှန်သမျှကို ဓားနဲ့ အစိတ်စိတ်အမွှာမွှာ ခုတ်ကာ သတ်ပစ်တတ်၏

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now