part-35

6.5K 808 20
                                    

Kumaဟာ WuXing အဆောင်တော်တွင် ခစားရန် ရောက်ရှိလာသည်

ခပ်တိုးတိုးပင် ရိုသေစွာ လျှောက်တင်၏

"မင်းသားငယ် XiaYuက ပြည်မက ထွက်ပြေးလာတာလို့ သိရပါတယ်"

"ယောက်ျားတွေကို စိတ်ဝင်စားတတ်တဲ့အတွက် စည်းကမ်းတင်းကြပ်တဲ့ ဒဏ်ကို ခံနိုင်ရည်မရှိပုံပါပဲ"

"ပြည်မ မင်းကြီး မသိအောင် Consaiကို လာတာပါ~~"

"မင်းသားXiuYi~ အရှင့်ရဲ့ နန်းတတ်ပွဲကို အချိန်မှီမလာနိုင်တာဟာ မင်းသားငယ်ကို အခြားနေရာမှာ ရှာနေရလို့ လို့ ပြည်မအတွင်းလူတွေက ပြောပါတယ်"

"အဲ့ဒါကြောင့် မင်းသမီးငယ် YuYiကို နန်းတတ်ပွဲ လူစားလွှတ်လိုက်ပြီး မင်းသမီးငယ်က XiaYuကို ဒီမှာရှိမှန်း သိသွားလို့ မင်းသားXiuYiကို အကြောင်းကြားကာမှ မင်းသားXiuYi လက်ဆောင်တွေနဲ့ ရောက်လာတာပါ~~"

"ပြည်မ ဘုရင်က မင်းသားXiaYuကို အကျင့်စရိုက်ကြောင့် ပစ်ပယ်လို့ မင်းသားXiuYiက ညီတော်ကို စောင့်ရှောက်ခဲ့ရပြီး အသက်ထက် ချစ်မြတ်နိုးတယ်လို့ ပြောကြပါတယ်~~"

ထိုအချိန်တွင် YanLanလေး ရောက်လာ၏

အဆောင်တော် နှစ်ခုအား နှစ်ဖက်ခွ၍ ခစားရသော Yoi လာရောက်လျှောက်တင်သည်

"နန်းတတ် မိဖုရား ရောက်လာပါတယ် အရှင်မင်းကြီး"

WuXing Kumaအား လက်ပြလိုက်သည်

အထိန်းတော်ကြီး Kumaဟာ အသံတိတ်ပြီး အနောက်ဆုတ်သွားသည်

×××××

နန်းတော်တွင်း၌ စိတ်ပျော်စေရန် လွတ်လွတ်လပ်လပ် ထားခံရသော YanLan ဟာ WuXing အဆောင်တော်တွင်းသို့ အတားဆီးမဲ့စွာ ပြေးဝင်လာသည်

WuXing ထိုင်နေရင်း လှမ်း ပြုံးပြလိုက်သည်

"ကိုယ်တော်ကြီး:::

YanLan ဟာ အိမ်ခန်းဆောင်၏ ပြောင်ဝင်းနေသော ကြမ်းပြင်ကြီးပေါ် ဖြတ်သန်းကာ WuXingရင်ခွင်ထဲသို့ ပြေးဝင်သွားသည်

WuXingဟာ YanLan၏ ခန္ဓာကိုယ်လေးအား အသင့်ဖမ်းပွေ့ထားလိုက်သည်

"ဟီ ဟီ~~"

YanLanဟာ အရင်ကထက် ပျော်နေပုံပင်

နေ့ခင်းဘက် WuXing သူ့ဆီမလာ၍ WuXingအနောက် လိုက်လာပုံပင်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now