part-66

4.7K 570 16
                                    

နေ့လည်ရောက်သော်~~~ XiuYi အိမ်ခန်းတွင်းသို့ဝင်လာစဉ် XiaYuအား လှလှပပ ပြင်ဆင်နေတာ တွေ့၏

XiuYiအနားသို့ ကပ်လာလိုက်သည်

XiaYu၏ မှန်တင်ခုံရှေ့၌ ပြည်မရှိ အမျိုးသမီးလေးများ အသုံးပြုသည့် မျက်နှာချေ ပစ္စည်းအမျိုးစား အရောင်စုံများတွေ့ရ၏

XiuYi အနားသို့ရောက်လာသောအခါ XiaYuဟာ အတောင့်လေး တစ်တောင့်ကိုင်ပြီး လှည့်ကြည့်သည်

နှုတ်ခမ်းလေးဟာ သိသိသာသာ စိုရဲနေ၏

"အစ်ကိုတော်~~ XiaYuလှလား~~"

"on!!"

"ဒီဟာလေးလေ ဖင်လေးကိုလှည့်လိုက်ရင် အထဲက နှုတ်ခမ်းဆိုးတဲ့ ဖယောင်းအတောင့်လေး ထွက်လာတယ်... အစ်ကိုတော် ကြည့် ကြည့်~~"

XiaYuဟာ XiuYiလက်ထဲသို့ ဝါးဆစ်ဘူးဖြင့် ပြုလုပ်ထားသည့် နှုတ်ခမ်းတောင့်လေး ထည့်ပေးလိုက်သည်

XiuYiဟာ နှုတ်ခမ်းနီဘူး၏ အောက်ခြေအား လှည့်ကြည့်နေသည်

အထဲမှ အနီရောင် ဖယောင်းတောင့်လေးဟာ ဝင်လိုက်ထွက်လိုက်နှင့် လူကို လှောင်နေသည်

ထို့နောက် XiaYuဟာ ထပ်ပြသည်

"ဒီမှာ အချောင်းတွေ အများကြီးပဲ~~ အရောင်စုံရှိတယ်!!"

XiaYuဟာ ထိုဖယောင်းတောင့်များကို ပါးပြင်၌လည်း လိမ်းခြယ်ထားသေးသည်

တစ်ခါမှ ကိုင်ခွင့်မရခဲ့သည့်အရာများ လက်ထဲရောက်လာ၍ အထူးပျော်နေပုံပင်

မျက်နှာအား ခြယ်ချင်သလို ခြယ်ကာ စိတ်ကြိုက်မှုန်းထားလို့ မျောက်ဖင်နီလေးဖြစ်နေ၏

မျက်ခုံးဆွဲထားသည်ကလည်း မျော့ဖက်လေး နဖူး၌ ကပ်နေသလိုပင် ထင်ရသည်

XiuYiဟာ XiaYuအား မေးလိုက်သည်

"ဒါတွေ ဘယ်ကရလာတာလဲ~~"

"ကြင်ယာတော် Bakuလေး ပေးလိုက်တာ~~ သူ့ဆီမှာ အဲ့ဒါမျိုး ထူးထူးဆန်းဆန်းလေးတွေ အများကြီးပဲ~~ XiaXiaရဲ့ မယ်မယ့်ဆီမှာရှိတဲ့ အလှပြင် ပစ္စည်းတွေထက်တောင် အများကြီး များသေးတယ်~~ သုံးရတာလည်း လွယ်ကူတယ်~~"

XiaYuဟာ ငယ်ငယ်ကတည်းက သူ့မယ်မယ်၏ အလှပြင်ပစ္စည်းများကို လက်ဆော့တတ်သည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now