part-46

6.5K 745 75
                                    

"သူ့ကို မင်းမလုပ်​လည်း သူများလုပ်​မှာပဲ.... "

Aitaဟာ ရစ်​ဝဲနေသော ဆေးလိပ်​ငွေ့တို့ကို ထပ်​မံမှုတ်​ထုတ်ရင်း ပြောလိုက်​၏

"မင်းက အဲ့ဒီလို ခွင့်​ပြုမှာမို့လား.... ခွင့်​ပြုမယ်​ဆိုရင်​ ငါ့ဆီမှာ ထားခဲ့လို့ရတယ်​....ဘုရင့်​ကြင်​ယာတော်​ငယ်​ဆိုတာ သာမန်​ ကြင်​ယာတော်​တစ်​ယောက်​အတွက်​ အကောင်းဆုံးအရာပဲ...သူ့အတွက်​ နစ်​နာစရာမရှိပါဘူး...."

"ဒါပေမယ့်​.... မင်းက သူ့ကို စောင့်​ရှောက်​ပေးနေတာဆိုတော့ မင်းကို အရင်​ဆုံး သူ့အတွက်​ ဦးစားပေးလိုက်​မယ်​...."

"ဆုံးဖြတ်​ချက်​ကို အခုပြင်​ချင်​သေးရင်​ အခွင့်​အရေးရှိသေးတယ်​....ညီအစ်​ကို လုပ်​မလား....ကြင်​ယာတော်​လုပ်​မလား.... ကိုယ့်​ဟာကိုရွေး...."

"သူ့ကို သန့်​စင်​တဲ့ ခန္ဓာကိုယ်​နဲ့ ဆက်​ထားမယ်​ဆိုရင်​တော့ ဒီအိမ်​က ခွာတာနဲ့ ငါတို့က သူ့ကို ကြင်​ယာတော်​ငယ်အဖြစ်​ သိမ်းမယ်​"

XiaYu ဟာ ငြိမ်​သက်​စွာ Aitaအားပြန်​ပြောသည်

"ဘယ်​သူမှ XiaYuကို ထိစရာမလိုဘူး....ကျွန်​တော်​ပဲ ထိမယ်​"

"အဲ့ဒါဆို ပြီးရော..."

"သူ့ကိုမိုးထားတဲ့ ဓားကိုဖယ်​ပေး.... ဓားနဲ့ ထောက်​စရာမလိုဘူး..."

Aitaဟာ မျက်​ရိပ်​ပြလိုက်​၏

XiaYu၏ ကိုယ်​ပေါ်မှ ဓားချွန်​တို့အား ကြင်​ယာထိန်းများဟာ ဖယ်​ခွာပေးလိုက်​ကြသည်

XiuYiဟာ XiaYuအနားသို့ လမ်းလျှောက်​လာသည်

XiaYuဟာ XiuYiအား မော့ကြည့်​နေရှာ၏

"အစ်​ကိုတော်​... သူခိုင်းတဲ့အတိုင်း တကယ်​လုပ်​မလို့လား"

"သူပြောတာ မှန်​တယ်​"
"အစ်​ကိုတော်​ မလုပ်​ရင်​ သူများလုပ်​မှာပဲ"

XiuYiဟာ သူ့ကိုယ်​ပေါ်မှ အင်္ကျီတို့အား ချွတ်​၏

XiaYuဟာ မျက်​နှာငယ်​လေးဖြင့်​ ကြည့်​နေရှာသည်

ခန္ဓာကိုယ်​ပေါ်မှ အဝတ်​စတို့ ကင်းစင်​သွားသောအခါ XiuYiဟာ Aitaအား လှမ်းကြည့်​သည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now