အပိုင်း(၂)

2.8K 176 1
                                    

Episode 2

"May ကလဲ လမ်းသွားရင်းစကားတွေများမနေနဲ့လေ
Kit တို့က ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်း~"

Maruyee က အရက်ပြန်ကို ဂွမ်းနဲ့တို့ကာ သားနဲ့သမီးကို
တစ်လှည့်စီ ကြည့်ရင်းပြောနေသည်။

" Mae အဲဟာကြီးနဲ့တို့နေတာ ဘယ်တော့ပြီးမှာလဲ~~"

"တိတ်စမ်း~~~ဒါနဲ့မတို့ရင် ပိုးတွေ ဝင်ကုန်မှာပေါ့~~"

May သည် မျက်ရည်တောက်တောက်ကျနေလျက်~~

"သမီးကြောင့်  Nong Chaai ခုလိုဖြစ်ရတာပါ~~သမီး
မှားပါတယ် Mae~~~"

May ငိုနေတာ မြင်တော့ Kit ကလဲ~~

"Pee Sao ကြောင့် မဟုတ်ပါဘူးဗျာ~~အဲလို ကိုယ့်
ကိုကိုယ် အပြစ်မတင်ပါနဲ့~~ကျွန်တော် မကြိုက်ဘူး~"

သားငယ်ရဲ့လူကြီးဆန်လှသော အပြောကြောင့် Maruyee
မျက်ခုံးပင့်လျက်သား ဖြစ်သွားသည်။မောင်နှမ
နှစ်ယောက်ရဲ့အပြောကြားမှာသာ နားထောင်သူပရိသတ်
လုပ်ကာ ငြိမ်နေလိုက်တော့သည်။

~~~~~~

"ဒီနေ့ဆို အကိုနဲ့မရီး ဆုံးတာ တစ်နှစ်ပြည့်သွားပြီ~~"

Pompan က ထမင်းစားခန်းရဲ့တိတ်ဆိတ်မှုကို ဖြိုခွင်း
လိုက်ပြီးစကားစလိုက်တော့ နောက်မှ ဇနီးသည်ကလဲ~

"သား Sing ~~ သားရဲ့ Por နဲ့ Mae အုတ်ဂူဆီ သွာဦးမလား~~~"

Sing က တည်ငြိမ်စွာ ထမင်းကို ငုံ့စားလျက် စကားဆိုသည်။~~~

"Mae ~~Mae ဆီပဲ သွားချင်တယ်"

"သား~~~"

ပြောလုဆဲဆဲ စကားများကို မပြောစေရန် မိန်းမဖြစ်သူ
လက်မောင်းကို Pompan ဖမ်းဆုပ်လိုက်သည်။

"အေးပါ~~~သား သွားမယ်ဆို လေးငယ် ကိုယ်တိုင်လိုက်ပို့ပါ့မယ်~~~"

Sing   သည် ခေါင်းပင်တစ်ချက်ငြိမ့်မပြဘဲ ဆိတ်ငြိမ်စွာ
ထမင်းကိုစားနေလိုက်သည်။

ကျွန်တော် Por ကိုမုန်းသည်။ Por သည် လောကတွင်
သရဲဘောအကြောင်ဆုံးယောက်ျားဖြစ်သည်။Por ကြောင့်
ပဲ Mae သေရတာဖြစ်သလို Por ကြောင့် မိဘမဲ့ဘဝ
ရောက်ခဲ့ရတာဖြစ်သည်ဟု Singto မှတ်ယူထားသည်။
ကျွန်တော် လူတွေကို မယုံအောင် Por ပဲ သင်ပေးခဲ့တာ
ဖြစ်သည်။သို့သော် ကျွန်တော် ကြီးလာရင်တော့ Por
ထက်တော်တဲ့ယောက်ျားတစ်ယောက်ဖြစ်အောင်
ကြိုးစားပြမည်ဟု Sing အမြဲနှလုံးသွင်းထားမိသည်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now