အပိုင်း(၁၂)

2.1K 178 3
                                    

Episode 12

Gaberial ရှိသော ရုံးခန်းထဲကို အတွင်းရေးမှူးဖြစ်သူ
Earth က သွက်လက်စွာ ဝင်လာခဲ့လိုက်သည်။

"ဆရာ~~~"

ရုံးခန်းဝင်ပေါက်ကို ကျောခိုင်းကာ ပြတင်းအပြင်ဘက်
တစ်နေရာကို ကြည့်နေသော Gaberial ကို ရိုကျိုးစွာ
ခေါ်လိုက်သည်။

"ဘာထူးလဲ~~"

"ထူးတယ်~~ဆရာ..အခုဆို Brave က ရာသီပြောင်း
မှာ ထုတ်ကုန်သစ်ပြပွဲလုပ်ဖို့ ရှိတယ်လို့ သတင်းရပါတယ်..
နောက်ပြီး ပွဲစီစဉ်သူက ~~~Mr.Lacey ဖြစ်ဖို့များတယ်..."

"ဟက်~~~"

ဒီလို အက်ကွဲကွဲ ရယ်သံရဲ့အဆုံးမှာ Gab က Earth
ဘက်ကို ခေါင်းလှည့်လိုက်သလို စွင့်နေအောင်
ပြုံးလိုက်ရင်း~~~

"သေချာတာက ဘယ်သူတွေ ဘာပြောပြော~~အခု
နိုင်ငံခြားတင်ပို့ခွင့်ပေးနိုင်မယ့်လူက အရင်လူမဟုတ်
တော့ဘူးလေ~~အချိန်းအပြောင်း ရှိသလို အလှည့်
အပြောင်းလဲ ရှိလာမှာ~~~"

Earth က သဘောတကျပြုံးလိုက်ရင်း~~

"တကယ်တော့~~တရားဝင် လွှဲပြောင်းမှု မလုပ်သေး
ဘူးလေ ဆရာ...ပြီးတော့ အခုလက်ရှိပုဂ္ဂိုလ်က ရာ
ထူးသက်တမ်း ၁နှစ်ခွဲ ကျန်သေးတယ်မဟုတ်လား.."

"သိတယ်~~သိပ်မကြာတော့ဘူး~~ဒီအချိန်းအပြောင်း
ကို ငါရယ် မင်းရယ်ပဲ သိပါစေ~~~နိုင်ငံရေးလောက
ကို ပုံသေတွက်ထားရင်မှားမှာပေါ့~~~"

Gab က စားပွဲခုံပေါ်က မြှားတံလေးကို ကောက်ယူ
လိုက်ပြီး မျက်နှာချင်းဆိုင် နံရံက ပစ်မှတ်ဆီကို ရွယ်
ထားလိုက်သည်။

"ဘဝမှာ လူတစ်ယောက်စီအတွက် ကိုယ်ပိုင် သက်တမ်း
ဆိုတာ ကန့်သတ်ထားပေးပြီးသား~~ဒီတစ်ခေါက် Prachaya Ruangroj ရဲ့သက်တမ်းကုန်သွားပြီ~~"

"ဒေါက်"

Gab က လက်ကိုဆန့်ကာ ပစ်ထုတ်လိုက်လျှင် မြှားတံလေးက အလယ်ဗဟိုကို စိုက်ဝင်သွားသည်။
ဘေးနားက ချိန်သီးနာရီလေးသည် တောင်လွှဲ မြောက်လွှဲ
နှင့် ဆောက်တည်ရာမရဖြစ်နေသည်မှာ လူ့တစ်ယောက်
ရဲ့ဘဝကို သရုပ်ဖော်နေသည့်အလား~~~

~~~~~~~~~

"မင်္ဂလာပါ Mr.Prachaya Ruangroj"

"Singto လို့ ခေါ်ရင် ဖြစ်ပါတယ်~~~"

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now