Episode 4
Sing တစ်ယောက် Krist ရှေ့ကထွက်လာပြီးချိန်တွင်
P'Apple ထံမှ ဖုန်းဆက်လာသည်။"Sing ~~ဘယ်မှာလဲ"
"မမ ဈေးဝယ်တာ ပြီးသွားပြီလား~~~"
"အင်း....ပြီးသွားပြီလေ~~~"
"ဟုတ်ပြီ~~အဲဒါဆို ကျွန်တော့်ကို ဝင်ပေါက်မှာ ရပ်စောင့်နေပေး~~"
"ဘာလို့လဲ~~~ မမ ကားဆီကိုပဲ တန်းလာလို့မရဘူးလား"
"မရဘူး~~မမအတွက် ကျွန်တော့်မှာ suprise ရှိတယ်..
ဒါကြောင့် ကျွန်တော်အလာကို ခဏလေးရပ်စောင့်နေပေး
...."ပြောပြီးတာနဲ့ seacon square ဝင်ပေါက်ဆီကိုSing
ခြေလှမ်းသွက်သွက်တို့ဖြင့် ဦးတည်လိုက်သည်။ဝင်ပေါက်တွင် မတ်တပ်လေးရပ်ကာ လည်ဆန့်ပြီး
ကျွန်တော်အလာကို ကြည့်နေသော P'Apple ကို ကျွန်
တော်မြင်သည်။သူမကတော့ ကျွန်တော့်ကို မမြင်သေး.."မမ~~~"
ကျွန်တော်အသံပြုလိုက်ပြီး လက်လေးကို လေမှာထောင်ပြလိုက်သည်။ P' က ရွှန်းလဲ့သော မျက်
ဝန်းလေးများနှင့် ကြည့်လာသည်။ထို့နောက် သွားညီညီ
လေးတွေ ပေါ်အောင် ပြုံးပြလိုက်ရင်း~~~"Sing~~"
ခေါ်သံအောက်မှာတင် ကျရှုံးသွားသည်ဟု ထင်မိသည်။
ဖြူဖွေးပြီး သွယ်လျသော အချိုးအစား... အရပ်ရှည်ရှည် ရွှေညိုရောင် ဆံပင်အခွေလိပ်လေးတွေက လေမှာ
ခပ်ပါးပါး လွင့်လျက်~~~~Sing သည် အတွင်းအိတ်ကပ်ထဲတွင် ထည့်ထားတဲ့
တစ်ကွင်းတည်းသော လက်စွပ်ကို ထုတ်ရန်ဟန်ပြင်
လိုက်သည်။သို့သော် မတွေ့~~~ဘူးနှင့်ထည့်ထားလျှင်
ထုတ်ရမည် ဖွင့်ရမည် ခက်ခဲ၍ တစ်ကွင်းတည်းသာ
ထည့်ထားသော ထိုလက်စွပ်လေးကို ရှာလို့မတွေ့~~~"ဟာ!!!"
အာမေဋိတ်သံမဆိုသာသော ခပ်ပျော့ပျော့ အံ့ဩသံလေး
Sing နှုတ်က ထွက်သွားသည်။~~~Apple က Sing အနားလျှောက်လာပြီး~~~
"Sing မမကို ဘာsuprise ပြင်ထားလို့လဲ~~~"
ရှာလို့မတွေ့သော အတွင်းအိတ်ထဲက လက်ကိုပြန်ထုတ်
လိုက်ပြီး~~~
YOU ARE READING
🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) Complete
Fanfictionအချစ်က ဖြူစင်တယ်တဲ့။တကယ်တော့ အချစ်က မာယာသိပ်များတာ❤ ဘာကြောင့်လဲဆိုတော့ အချစ်မှာ ချယ်ရီရောင်သွေးတွေ စီးဆင်းနေတယ်လေ🍒