အပိုင်း(၁၀)

2.1K 192 4
                                    

Episode 10

Singto ထွက်သွားတဲ့လမ်းကြောင်းအတိုင်း
Krist ကုန်းကုန်းလေးသာ လိုက်သွားမိသည်။

^^ဒေါသအိုးကြီး လူကအားမရှိပါဘူးဆို... ခေါင်းမူးသထက်မူးအောင်ဘာတွေပြောဦးမလဲ မသိဘူး~~~^^

လေးထပ်မြောက်ကို ရောက်တာနဲ့ ဓာတ်လှေကားကနေ ထွက်ထွက်ချင်း အရေးပေါ် လမ်းကြားလေးပြီးရင်
ပေါ်လစ်ရောင် ပြောင်ပြောင်လက်လက်ကျွန်းသားတံခါး
ကြီးက ဆီးကြိုနေသည်။လက်ကိုင်ဘု ရွှေရောင်လေး
ကို ဖိချလိုက်ပြီး အခန်းထဲကို Krist လျှောက်လာချိန်
မှာ P'May အခန်းထဲရောက်သလို ရေမွှေးနှင်းဆီနံ့ သင်းသင်းလေးရသည်။အညိုရောင်လိုက်ကာ ကြီးများ
ကို ဖွင့်လှပ်ထားသည်မို့ မှန်ကို ဖောက်ကာ ဝင်လာသော
အလင်းရောင်က ထုံးစံအတိုင်း အခန်းတွင်း ပစ္စည်း
တွေအပေါ် တဝင်းဝင်း တလင်းလင်း ဖြစ်စေသည်။

ဆုံလည်ဆိုဖာခုံပေါ်တွင် Sing က လက်တန်းပေါ်မှ လက်ကို ထောက်လျက် လက်ချောင်းများကို ယှက်ကာ ဝင်လာသော Krist ကို မမှိတ်မသုန် စိုက်ကြည့်နေလေ သည်။

Krist က ဝင်လာကတည်းက ဟိုဟိုဒီဒီလျှောက်ကြည့်
နေသည်မို့ Sing ကိုမမြင်သေး။Sing ကတော့Krsit ကိုသာ အကြည့်မလွှဲဘဲ စိုက်ကြည့်နေလိုက်သည်။

"Ohh..Ohh"

သူ့ကို မျက်လုံးစူးစူးနဲ့ လက်ထောက်ကြည့်နေသော
Sing ကိုမြင်တော့ Krist ကိုယ်လေး နောက်သို့
ဆုတ်မိသည်။

Krist မြင်သွားပြီဆိုတော့ Sing က မျက်ခုံးလေးကပင့်ကာ
အကြည့်တွေနဲ့ ဆိုဖာဆီကို သွားရန်ညွှန်ပြလိုက်သည်။
Krsit က ကြောင်ကြောင်လေး ဆိုဖာကြီးကို ကြည့်
လိုက် သူ့ကို ကြည့်လိုက် လုပ်ပြနေသဖြင့် Sing
က ~~~

"ကျစ်~~~"

ကျွတ်တစ်ချက် သပ်မိရင်း အံဆွဲထဲက ဘူးတစ်ခု
ကိုယူ၍ Krist ကို လက်မောင်းကနေ
ဆွဲယူကာ ဆိုဖာဆီ ခေါ်လာခဲ့သည်။ထို့နောက် Krist
ကို ဆိုဖာမှာ ထိုင်စေလိုက်ပြီး သူက ဆိုဖာလက်တန်း
မှာ နေရာယူထိုင်လိုက်သည်။

Krist သည် Sing ပြုမူသမျှကို မျက်တောင်မခတ်တမ်း
ကြည့်နေမိသည်။အဖြူရောင် တီရှပ်လက်ရှည်ကို
တံတောင်ဆစ်နားထိ ခေါက်တွန့်လိုက်သည်။ထို့နောက် သူ့ခေါင်းကိုဖွဖွလေးကိုင်လာသည်မို့ ခေါင်းလေးကို
အလိုက်သင့်လေးSing အနားတိုးပေးလိုက်သည်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now