အပိုင်း(၂၀)

2K 158 0
                                    

Episode 20

"P'Apple~~~~"

ကလေးများက သူမနာမည်ကိုခေါ်ကာ တစ်ဟုန်ထိုးပြေးလာကြသည်။
Bangkok ကို ပြန်ရောက်ရောက်ချင်းပဲ တစ်ရက်လောက်
နားပြီးတာနဲ့ မိဘမဲ့ကျောင်းကို လာခဲ့လိုက်သည်။တကယ်
ဆို ဒီမတိုင်ခင် သူလာတတ်တာဖြစ်သော်လည်း P'Kade
ကို ကူညီနေရခြင်းကြောင့် ဒီလအဖို့ နည်းနည်းနောက်
ကျသွားခဲ့ရသည်။

"အားလုံး နေကောင်းတယ်မလား!!!..."

"ကောင်းပါတယ် P'Apple~~~"

သို့သော် ကလေးတွေရဲ့ သဘောသဘာဝအရ~~
တစ်ဦးကို တစ်ဦး ပြစ်တင်ကာ ကိုယ်သာကြောင်း ပြော
ကြတော့သည်။

"P' သူက လက်သည်းမညှပ်ထားဘူး~~~ဒီမှာ သားက
ညှပ်ထားတယ်"

"Mike က အဲလို မလုပ်ရဘူးလေ~~~လက်သန့်ဖို့
အရေးကြီးတယ်ဆိုတာ P' ပြောထားတာကို.....
နားမထောင်တာလား!!"

Apple အပြောကြောင့် ကလေးက ဝမ်းနည်းသွားပြီး

"မဟုတ်ပါဘူး~~ P' သားနောက်တစ်ခါဆိုမှန်မှန် ညှပ်ပါ့မယ်"

"လိမ္မာတယ်~~~အထဲဝင်ကြမယ်~~လာ!!!ဓမ္မတေး
ဘယ်နှစ်ပုဒ်ရပြီလဲ~~~"

"Yi က အကုန်ရပြီ"

"ဟုတ်လို့လား~~ "

"ဟုတ်တယ်~~မယုံရင် စစ်စတာကြီးတွေကို မေးကြည့်
ပါလား~~"

အသက် ၉နှစ်အရွယ် Yi ဆိုတဲ့ကလေးမလေးက
မေးလေးငေါ့ငေါ့ပြောနေသည်မို့ Apple အသည်းယားကာ
မေးလေးကို ဆွဲဖျစ်လိုက်သည်။

"ဟုတ်ပြီ~~~P'က ဒီတစ်ခေါက် ပေါင်မုန့်တွေအများ
ကြီး ယူလာတယ်နော်~~အားလုံး အညီအမျှ စားရမယ်
ကြားလား~~~"

"ဟုတ်"

ကလေးတွေ တပွေ့တပိုက်ကြီးနဲ့ Apple က စစ်စတာတွေ
နားနေခန်းဆီ ဝင်သွားလိုက်သည်။

~~~~~~~

သန့်ရှင်းရေးဦးလေး Tong က Apple ပြန်ခါနီး
ကားနားကို အပြေးလေးလာသည်မို့ Apple က ကားထဲ
မဝင်ဘဲ ရပ်စောင့်နေလိုက်သည်။

"သမီးလေး!!!"

"ဦးလေး Tong နေကောင်းရဲ့လား~~ပိန်သွားတယ်နော်"

ဦးလေး Tong က တံမြက်စည်းလေးကို ကျစ်ကျစ်ကိုင်
ကာ ~~~

"ဟုတ်တယ်~~~ပန်းနာရင်ကျပ်ပြန်ဖြစ်နေလို့ သမီးရယ်"

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now