Episode 26 (final)
အချိန်ဟာဖြစ်အပျက်တွေအပေါ် မြန်မြန်တိုက်စာသွားပြီ
ဖြစ်သည်။ Krist လဲ ဆေးရုံက ဆင်းခွင့်ရပြီဖြစ်သလို
Singto ရဲ့ Product အသစ်ကိုလဲ စတင်ထုတ်လုပ်
နေပြီဖြစ်သည်။Krist ကအကောင်းကြီး သက်သာသွား
သည်တော့ မဟုတ်ပေမယ့် ပုံမှန်လူနီးပါး သွားလာ
လှုပ်ရှားနိုင်ပြီဖြစ်လို့ ရုံးပြန်တက်ခြင်းအပေါ် P'Su
တို့ P'Nim တို့က စိတ်မကောင်းဖြစ်ကာ အနားယူခိုင်းသေး
သည်။Watt နဲ့ Home တို့က Krist အလုပ်တွေပါ
တွဲယူလုပ်ကိုင်နေရသည်မို့ Krist အနေနဲ့က အားနာ
မိပြီမို့ပင်။P'Cloud ကတော့ Krist ကို အမြဲလိုလို
အကြည့်လွှဲကာ သူ့အပြစ်သူသိသော အပြစ်သားတစ်ယောက်လိုရှောင်ခွာနေသည်မို့ Krist
အနေနဲ့ နေရခက်မိသည်။Krist က ဒီလိုဆက်ဆံရေး
မျိုးကို မနှစ်သက်။သို့သော်လည်း P'Cloud က
ဘာမှ ပြောဆိုခြင်း မရှိသည်မို့ Kristလဲ ဆိတ်ဆိတ်သာ
နေလိုက်တော့သည်။P'Sing ကတော့ ပထမထုတ်လိုက်တဲ့ ဖိနပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြား ခရီးစဉ်တွေ အဆက်မပြတ်သွား
ကာ show တွေတက်ရသည်မို့ ခုတလေတော့ တွေ့
ရနည်းပါးသည်။P'Sing မရှိတော့ ကပ်ချွဲနေစရာ
ဆိုလို့ P'May နဲ့ Mae သာရှိသည်။သို့သော် P'Sing
လောက် စိတ်မရှည်ကြသည်မို့ Krist တကယ် P'Sing ကို လွမ်းမိသည်။~~~~~~~
ရုံးကနေပြန်လာသော Krist ကို အဘွား Pensri လှမ်းခေါ်လိုက်သည်။
"Kit~~~ဓာတ်ခန်းထဲကို ခဏလာခဲ့~~~"
Raai ရဲ့စကားသံအပေါ် Krist ကြည်နူးမှု ဖြစ်သွားသည်။ဓာတ်ခန်းထဲ မဝင်ရအမိန့် ချယ်ရီ
သီးချူလုံး ယူသွားပြီးကတည်းက သူ့ကိုထုတ်ပြန် ထားသည်မို့ အခုလို Raai အရေးတယူခေါ်ခြင်းအပေါ်
Krist အနေနဲ့ ဝမ်းသာမိသည်။ဓာတ်ခန်းထဲရောက်တော့ ငယ်ငယ်က တွေ့ခဲ့သလို မှောင်မှောင်မဲမဲ မဟုတ်တော့ဘဲပြတင်းပေါက်ဖွင့်ထား
သည်မို့ အလင်းရောင် ကောင်းစွာရနေသည်။"ထိုင်~~"
ကြမ်းခင်းပေါ်က ရိုးရာဖျာအသေးလေးအပေါ် ထိုင်ရန်
ပြောလာသည်မို့ Krist က ကျုံ့ကျုံ့လေးထိုင်ချလိုက်
သည်။"Kit~~~မင်းက ကောင်းတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာ
တဲ့ကလေးပါ။~~~~"
BINABASA MO ANG
🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) Complete
Fanfictionအချစ်က ဖြူစင်တယ်တဲ့။တကယ်တော့ အချစ်က မာယာသိပ်များတာ❤ ဘာကြောင့်လဲဆိုတော့ အချစ်မှာ ချယ်ရီရောင်သွေးတွေ စီးဆင်းနေတယ်လေ🍒