Episode 24
Sing က ကားကို ဆင်ဝင်အောက်မှာထိုးရပ်ပြီး အိမ်ထဲကို
ခပ်သွက်သွက်ဝင်လာခဲ့လေတော့ ~~~"ဖြောင်း ဖြောင်း ဖြောင်း~~"
Gab က ဧည့်ခန်းဆိုဖာ တစ်ခုမှာ အခန့်သားထိုင်နေရင်း
လက်ခုပ်တီးလိုက်သည်။"Good job!!! မင်းရဲ့အဖိုးတန်ပစ္စည်းကို ငါယူထားရကျိုး
နပ်တယ်ကွာ~~~ဟားဟားဟား~~~"အောင်နိုင်သူ အပြောနဲ့ Singအနားကို လျှောက်လာပြီး ပခုံးလေးကို တစ်ချက်ပုတ်လိုက်ပြီး နောက်ပြန်ဆုတ်ကာ
ရပ်လိုက်သည်။"Krist ဘယ်မှာလဲ~~~~."
Sing က တိုတိုပြတ်ပြတ် စကားတစ်ခွန်းတည်း ပြော
လိုက်ပြီး အိမ်အနှံ့ကို မျက်လုံးဝေ့ကာ ရှာသည်။"Krist ကို ခေါ်လာခဲ့~~~"
Gab ရဲ့အမိန့်ပေးသံအဆုံးမှာ အိမ်ပေါ်တစ်နေရာကနေ
Krist ကို လက်ပြန်ကြိုးတုပ်ကာ ဆွဲချလာကြသည်။
Krist ကိုခေါ်လာသူမှာ သူ့ဝန်ထမ်း Cloud ဖြစ်နေ၍
အနည်းငယ် အံ့ဩမိသွားသည်။သို့သော် သူက လူတိုင်း
ကို ပုံသေတွက်ထားသူမဟုတ်တော့ Cloud ကို ခပ်စူး
စူးတစ်ချက်သာ ကြည့်လိုက်မိသည်။မျက်နှာက အညိုမဲတောင်ကောင်းကောင်းမပျောက်သေး
ဘဲ ဆေးရုံဝတ်စုံလေးနဲ့ အသားအရည် ရဲသွေးတက်နေသော Krist ကို Sing တွေ့လိုက်တော့~"Gabrial ~~Krist ကို အခု လွှတ်ပေး~~~"
"ရမလားကွ!!! ဒီမှာSingto ငါလိုချင်တာ မရသေးဘဲ
မင်းလိုချင်တာ မပေးနိုင်ဘူး~~give and take က ငါ့
ဘက်က စခဲ့တာမို့လို့ ငါ့ပစ္စည်း အရင်ပေး~~"လက်ဖြန့်တောင်းလာသော Gab ကို Sing
ရွံရှာသော မျက်လုံးများနှက့်ကြည့်ရင်း~~~"မင်းသိပ်ယုတ်မာတယ်~~စိတ်ဓာတ်က အောက်တန်းစား
စိတ်ဓာတ်ပဲ!!! ~~~"Sing ကို အိတ်ကပ်ထဲက USB ကို ထုတ်လိုက်ရင်း လေမှာ ဝဲပြကာ ~~~
"မင်းတို့ power က ဒီလို အောက်တန်းစားနည်းတွေနဲ့
အောင်မြင်လာတာလား~~ဟွန့် ယောက်ျားဖြစ်ပြီး
ကိုယ့်ထူးကိုယ်ချွန်ချင်စိတ်ကို မရှိဘူး~~"Sing ရဲ့ ခနဲ့ပြုံးနဲ့ တွဲပြောသော စကားများက Gab ရဲ့
ဒေါသတွေကို ထိုးထွက်လာစေသည်။
YOU ARE READING
🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) Complete
Fanfictionအချစ်က ဖြူစင်တယ်တဲ့။တကယ်တော့ အချစ်က မာယာသိပ်များတာ❤ ဘာကြောင့်လဲဆိုတော့ အချစ်မှာ ချယ်ရီရောင်သွေးတွေ စီးဆင်းနေတယ်လေ🍒